အထွေထွေ ဗဟုသုတ - General Knowledge

ကျန်းမာလှပလာစေဖို့ Food Diary ရေးကြစို့

March 2, 2016

ကျန်းမာလှပလာစေဖို့ Food Diary ရေးကြစို့


Share this on:

သူငယ်ချင်းတို့ မနေ့က စားခဲ့တာတွေကို ပြန်စဉ်းစားကြည့်တဲ့ အခါ အားလုံးကို မှတ်မိပါရဲ့လား? ဘယ်အချိန်မှာ ဘာစားခဲ့လဲ၊ ဘယ်လို အစားအသောက်မျိုးတွေကို စားခဲ့လဲ၊ မနေ့က ကော်ဖီသောက်ခဲ့တာလား၊ သူငယ်ချင်းတွေနဲ့ ဘီယာသောက်ဖြစ်ခဲ့တာလား စသဖြင့် အသေးစိတ်အကြောင်းအရာတွေကို မှတ်မိပါလား? သူငယ်ချင်းတို့ဟာ ကျန်းမာရေးနဲ့ အလှအပကို စိတ်ဝင်စားတဲ့ လူဖြစ်ခဲ့မယ်ဆိုရင် စက္ကန့်ပိုင်းလေး အချိန်ပေးပြီး စဉ်းစားကြည့်လိုက်ပါ။ အဲ..မမှတ်မိတော့ဘူး ဆိုရင်တော့ သူငယ်ချင်းတို့ကို အကြံလေး တစ်ခု ပေးပါရစေ။

လူတိုင်းဟာ နေ့စဉ်ဘ၀မှာ လှုပ်ရှား ရုန်းကန်နေကြရပါတယ်။ ဒီလိုဖြတ်သန်းနေရင်းနဲ့ အစားအသောက်တွေကို မစဉ်းစားဘဲ စားမိနေတာမျိုးတွေ ကြုံရမှာပါ။ သင်တို့ရဲ့ email  စစ်ရင်းနဲ့ ဘီစကွပ်တွေ စားနေမိတာမျိုး၊ အလုပ်ကနေ အိမ်ပြန် လမ်းလျှောက်တဲ့ အခါ မြေပဲတွေ ဖြစ်ဖြစ် တခြား အစေ့အဆန်တွေ ဖြစ်ဖြစ် ၀ါးနေမိတာမျိုးနဲ့ TV ရှေ့မှာ ထမင်းစားမိနေတာမျိုးတွေက တခါတရံမှာ အစားအပေါ် အာရုံ မစိုက်မိဘဲ ဘာမှ တွေးမနေဘဲ ပါးစပ်ထဲ ထည့်ဖြစ်နေတာမျိုးတွေပါ။ ထမင်းစားချိန်တွေမှာ အလုပ်များနေလို့ မစားမိတာတွေ ရှိနိုင်သလို ဖြစ်သလို မုန့်တွေကို လျှောက်စားမိနေတာမျိုးတွေလည်း ဖြစ်နေကျပါ။ အသက်ကလေး ရလာပြီဆိုတာနဲ့ စားသောက်တဲ့ အစားအစာတွေရော စားသောက်ချိန်တွေကပါ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေလာနိုင်ပါတယ်။

အဲ့တော့ ဒီနေ့ စားခဲ့သမျှကို ဒိုင်ယာရီ ရေးသလို ပြန်ချရေးတဲ့ အကျင့်ကို စတင် လေ့ကျင့်ကြည့်ပါ။ အအေး၊ ဖျော်ရည်တွေ သောက်ခဲ့တာမျိုးက စလို့ ကော်ဖီ၊ အရက်၊ ဘီယာ၊  အစာပြေစာ၊ နေ့လည်စာမှာ စားတဲ့ ဟင်း၊ အသီးအနှံ စသဖြင့် စားခဲ့သမျှကို ချရေးထားပါ။ စရေးတဲ့ အခါမှာတော့ ကိုယ့်ကိုကိုယ့် မလိမ်ပါနဲ့ ပြီးတော့ မှားနေတယ် ဆိုပြီး ချက်ချင်းကြီး ပြောင်းလဲ စားသုံးတာမျိုး မလုပ်ဘဲ ဒီအတိုင်း စားခဲ့တာတွေကို ချရေးထားရုံ ရေးပါ။ အဲ့လို ချရေးထားတဲ့ ရက်အနည်းငယ် ကြာလာတဲ့ အခါ ကိုယ် ဘယ်လို အမျိုးအစားတွေကို စားခဲ့လဲ၊ အစားစာချိန် မှန်ရဲ့လား၊ ဘယ်အချိန်တွေမှာ အန္တရာယ် ဖြစ်စေမယ့် အစားအစာတွေကို စားခဲ့လဲ၊ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေကို တစ်ပတ် အတွင်းမှာ ဘယ်လောက်များများ စားခဲ့လဲ ဆိုပြီး ကိုယ့်ရဲ့ တကယ့် စားသောက် ပုံစံကို တဖြည်းဖြည်း မြင်လာမှာပါ။ ဒါဟာ ပိုပြီး ကျန်းမာတဲ့ နည်းလမ်းအတွက် စားသောက်တော့မယ့် အသုံးဝင်လာမှာ မလွဲပါဘူး။ ၀ိတ်လျှော့နေတဲ့ ပျိုမဒီလေးများ အတွက်ဆို ပိုလို့တောင် အသုံးဝင်ပါသေးတယ်။

ကဲ… ဒီနေ့ပဲ စလိုက်ကြစို့..

 

fooddiary

Ref: Readers’digest

Review

User Rating

5 (1 Votes)
error: Copyright © 2018. MyFood Myanmar