ကျန်းမာရေး - Health

ဆီးချိုနဲ့ သွေးတိုးကျစေတဲ့အပြင် ကင်ဆာကိုသေစေနိုင်တဲ့ အာလူးဖျော်ရည်

January 29, 2017

ဆီးချိုနဲ့ သွေးတိုးကျစေတဲ့အပြင် ကင်ဆာကိုသေစေနိုင်တဲ့ အာလူးဖျော်ရည်

Share this on:

အာလူးမှာပါဝင်တဲ့ အဟာရဓါတ်တွေဟာ ကျန်းမာရေးအတွက် သိပ်ကို အဖိုးထိုက်တန်လှပါတယ်။ အစာအိမ်ရောင်တာတွေမဖြစ်စေဖို့ အစာ မစားခင် မိနစ် ၃၀ အလိုမှာ တစ်ဇွန်းလောက် သောက်ပေးသင့်ပါတယ်။

potatojuce-14566797228gn4k-500x267

အစာအိမ်နာတာအတွက်ဆိုရင်တော့ အစာ မစားခင် လက်ဖက်ရည်ဇွန်း ၂ ဇွန်းလောက် သောက်ပေးသင့်ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေရဲ့ပြောကြားချက်အရ အာထူးဖျော်ရည်ဟာ သွေးတွင်းဂလူးကို့စ်ပါဝင်မှုကို ထိန်းချုပ်ပေးနိုင်ပြီး အဆုတ်နဲ့ဆိုင်တဲ့ ပြဿနာတွေကို ကုသပေးနိုင်ပါတယ်။

Detox

ဒီကနေ့ခောတ် အသဲရောဂါ၊ နှလုံးရောဂါနဲ့ ကျောက်ကပ်ရောဂါကို ကုသရာမှာလည်း အာလူးဖျော်ရည်ကို ကျယ်ကျယ်ပြန့်ပ်ြန့အသုံးပြုလာကြပါတယ်။

ဒါ့အပြင် ဆီးချိုကို ထိန်းညှိပေးနိုင်ပြီး ဒူလာနဲ့ သွေးတိုးရောဂါရှိသူတွေအတွက်လည်း ကောင်းမွန်ပါတယ်။

မနက်စာမစားခင် အာလူးဖျော်ရည်တစ်ခွက်သောက်တာဟာ ကိုယ်အလေးချိန်လျှော့ချပေးနိုင်ပြီး ညအိပ်ယာမ၀င်ခင် ၃ နာရီလောက် ကြိုပြီးသောက်သုံးတာဟာလည်း ကိုယ်အလေးချိန်ကျစေပါတယ်။

အာလူးဖျော်ရည်ပြုလုပ်နည်း

Did-You-Know-Potato-juice-Cure-Hundreds-Of-Diseases

အာလူး ၁ လုံး

ပြုလုပ်နည်း

အာလူးကိုရေသေချာဆေးပြီး အာလူးမှာပါတဲ့ မကောင်းတဲ့အပိုင်းကိုလှီးထုတ်လိုက်ပါ။

ပြီးရင် အတုံးလိုက်လှီးလိုက်ပါ။ ပြီး၇င် အာလူးကိုကြိတ်ပြီး အရည်ညစ်ထုတ်ပါ။ အရည်ထွက်လာပြီဆိုရင်သောက်လို့ရပါပြီ။

Banana and potato juice for ulcers

ဒီလိုဆိုရင်အရသာက သိပ်ပြီးကောင်းမှာမဟုတ်ဘူးဆိုတော့ ငှက်ပျောသီး ၊ မုန်လာဥနီ ၊ ပျားရည် ဒါမှမဟုတ် တခြားအသီးအနှံတွေ ရောပြီး ဖျော်နိုင်ပါတယ်နော်။

Potato-benefits-for-Hair

အာလူးကို အစိမ်းလိုက်ဒီအတိုင်းစားတာဟာ အဟာရဓါတ်ပိုမိုကြွယ်ဝစေပါတယ်။ အာလူးမှာပါဝင်တဲ့ပလိုတင်းဓါတ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဗီတာမင် B6၊ C စတဲ့ သတ္တုဓါတ်တွေကိုလည်းရရှိစေပါတယ်။

အာလူးမှာပါတဲ့ ဗီတာမင် C ဟာ အသားအရေအတွက်အထူးကောင်းမွန်ပြီး ၀က်ခြံဖြစ်စေမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အာလူးကိုကြိတ်လိုက်ပြီး ရလာတဲ့အဖတ်တွေကို မျက်နှာပေါ်မှာလိမ်းပေးပါ။ ပြီး၇င် ၁၅ မိနစ်ထားပြီး မျက်နှာသစ်လိုက်ပါ။

 

Review

User Rating

3.9 (18 Votes)