အလှူငါးခြောက်နှပ်

Share this on:

ခက်ခဲတဲ့ ဟင်းမဟုတ်ပေမယ့် အညာဓလေ့ရဲ့ အလှူကြီးတွေမှာကျွေးတဲ့ငါးခြောက်နှပ်ပါ။

ပါဝင်ပစ္စည်းများ

  • ငါးခြောက် - ၁၀သား
  • ဆနွင်း - အနည်းငယ်
  • အရသာမှုန့် - အနည်းငယ်
  • ခရမ်းချဉ်သီး - ၃၀ သား
  • မြေပဲလှော်
  • နို့စိမ်း - ထမင်းစားဇွန်း၁ဇွန်း
  • ကြက်သွန်နီ - တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီး၃မွှာ
  • ငရုပ်ပု -၂တောင့်
  • ဆီ - ၅ကျပ်သား
  • ဆီ - ၅ကျပ်သား

ပြုလုပ်ပုံ

  1. ငါးခြောက် ၁၀သားကို လိုသလိုတုံးထားပြီး ဆားရေနဲ့ နာရီဝက်လောက်စိမ်ပါ။
  2. ပြီးမှ ရေသုံးထပ်လောက်ဆေးပြီး ရေစစ်ပြီး ဆနွင်းအရသာမှုန့်နှယ် နှပ်ထားပါ။
  3. ခရမ်းချဉ်သီး ၃၀သားကို ရေဆေး ပါးပါးလှီးထားပါ။ မြေပဲလှော်ထောင်းပြီး ထမင်းစားဇွန်း၂ဇွန်း နို့စိမ်း ထမင်းစားဇွန်း၁ဇွန်း (အလှူတွေမှာတော့ အုန်းနို့ထည့်တယ်) ကြက်သွန်နီ တလုံး ကြက်သွန်ဖြူ အမွှာကြီး၃မွှာ ငရုပ်ပု ၂တောင့်ကို ညက်ညက်ထောင်းထားပါ။
  4. ဆီ ၅ကျပ်သားကို ပူအောင်တည်ပါ။ဆီပူမှ ကြက်သွန်ဖြူနီထောင်းထားတာထည့်ဆီသတ်ပါ။
  5. အနံ့မွှေးလာမှ ဆနွင်းလေးနည်းနည်းထည့် ခရမ်းချဉ်သီးထည့်ပြီးချေပေးပါ။
  6. ခရမ်းသီးဆီပြန်ပြီးလိတ်နေရင် ငါးခြောက်ထည့်ပြီးမွှေပေးပါ။
  7. လိုအပ်ပါက ရေနွေးဆူုပြီးသား နည်းနည်းထည့်ပြီးဆီပြန်အောင်တည်ပါ ။ဆီပြန်ရင် မြေပဲလှော် နို့စိမ်းထည့်ပြီးအရသာစိတ်ကြိုက်ပြင်ပါ။အရသာစိတ်ကြိုက်ဖြစ်ရင် သုံးဆောင်လို့ရပါပြီရှင်။
Credit: Nan Kay Zin Oo

Review

User Rating

3.8 (4 Votes)

author-avatar

Recipes sent by our Users