Recipes | မြန်မာမုန့်များ - Myanmar Desserts

ကော်ဖီ အုန်းနို့ ကျောက်ကျော

February 6, 2016

ကော်ဖီ အုန်းနို့ ကျောက်ကျော


Share this on:

အလှူမင်္ဂလာပွဲတွေမှာ အချိုပွဲအနေနဲ့ အမြဲတမ်းဧည့်ခံလေ့ရှိတဲ့ ကျောက်ကျောကို ပုံမှန်ဆိုရင် အုန်းနို့တစ်မျိုးတည်းနဲ့ပဲ စားဖူးကြမှာဆိုပေမယ့်လည်း ဒီတစ်ခါမှာတော့ အရသာလေးတစ်မျိုးပြောင်းပြီး စားကြရအောင်နော်။ ကော်ဖီအရသာလေးလည်းပါတော့ ကော်ဖီချစ်သူများအတွက် အကောင်းဆုံးပဲပေါ့။

ပါဝင်ပစ္စည်းများ

  • ကျောက်ကျော - ၂၅ ဂရမ် အသေးတထုပ်
  • သကြား - ၂၀ သား
  • ကော်ဖီမှူန့် ထမင်းစားဇွန်း - ၄ ဇွန်း
  • အုန်းနို့ 400 ml (သို့) နို့စိမ်းဗူးကြီး - ၂ ဗူး
  • ဆား
  • လက်ဖက်ဇွန်း -၂ ဇွန်း
  • ရေနွေး100 ml ခန့် - တစ် ခွက်
  • ရေသန့် - 200 ml

ပြုလုပ်ပုံ အဆင့်ဆင့်

  1. ပထမဦးစွာ ကျောက်ကျောမှုန့်၊ သကြား၊ အုန်းနို့၊ ဆားတို့ကို သမအောင် ရောမွှေပြီး ၂အိုးခွဲပါ။ ကော်ဖီမှူန့်ကို ရေနွေးနဲ့ ဖျော်ပြီး ၂အိုးထဲမှ တစ်အိုးသို့ ရောထည့်ပါ။
  2. ပထမ ကော်ဖီပါတဲ့အိုးကို မီနစ်၂၀ခန့် အရင်ကျိုပြီး ဗန်းထဲ လောင်းထည့်ကာ အအေးခံပြီး ဒုတိယ အုန်းနို့ရည် အဖြူရောင်အိုးကို မီနစ်၂၀ခန့် ဆက်ကျိုကာ ပထမ ကော်ဖီ လောင်းထားတဲ့ အပေါ်ကို ထပ်လောင်းကာ အအေးခံပြီး လှီးဖြတ် စားသုံးနိုင်ပါပြီ။
Credit: Thida Lay Lay

Review

User Rating

4 (6 Votes)