ကော်ရည်ခေါက်ဆွဲ

Share this on:

ပါဝင်ပစ္စည်များ

  • အသားများများ ပါတဲ့ ဝက်နံရိုးများ
  • ကြက်သွန်ဖြူ
  • ဂျင်း
  • သကြား
  • ဆား ၊ ပန်းခြောက်
  • ပဲငံပြာရည် အကြည်
  • ပဲငံပြာရည် အနောက်
  • တရုတ်မဆလာ
  • မှိုခြောက်
  • ပန်းခြောက်
  • ပဲလိတ်
  • ကြက်ဥ
  • ခေါက်ဆွဲ
  • ကန်စွန်းရွက်
  • ကုဆိုင်
  • ငရုတ်ကောင်း
  • ငပိထောင်း
  • သံပုရာသီး

ပြုလုပ်နည်း

  1. အသားများများ ပါတဲ့ ဝက်နံရိုးများ ရေဆေး သန့်စင်ပြီးရင် အရသာနယ်ပြီး ကြက်သွန်ဖြူ ၊ ဂျင်းထောင်း တို့နဲ့ ပြုတ်၊ နူးလာရင် ဆယ်ပြီး အသားနွှင် ထားပါ ။
  2. အရိုးများကို ပြုတ်ရည်အိုးထဲ ပြန်ထည့် ရေထပ် ထည့်ပြီး အရည် ကျအောင် တည်ကာ အရိုးများ ပြန်ဆယ်ထားပါ ။
  3. ပြုတ်ရေအိုးထဲ သကြား ၊ ဆား ၊ ပဲငံပြာရည် အကြည် ၊ အနောက် ၊ တရုတ်မဆလာ ထည့် မှိုခြောက် ၊ ပန်းခြောက်နဲ့ နွှင်ထားတဲ့ အသားတွေ ထည့် နောက်ဆုံး ပဲလိတ် ထည့်ပြီးရင် ကော်မှုန့်ရေ ဖျော်ထည့်ပါ ။
  4. နာနာ ခလောက် ထားတဲ့ ကြက်ဥ  ၂  (သို့)  ၃လုံးကို လက်တစ်ဖက်က အမျှင်ဆွဲထည့် ကျန်တစ်ဖက်က အိုးကို မွှေပေးပြီး အရသာ လိုသလို မြည်းပြီးရင် ရပါပြီ ။
  5. ပန်းကန်ထဲ ခေါက်ဆွဲ ထည့် ၊ ဟင်းရည် ထည့်ပြီးရင် ကြက်သွန်ဖြူ ဆီမွှေး ရေနွေး ဖျောထားတဲ့ ကန်စွန်းရွက် ၊ ကုဆိုင် ၊  ငရုတ်ကောင်းတို့ ထည့်ပါ ။
  6. ငပိထောင်းကို သံပုရာရည်များများ ညှစ်ထည့် ထားပါတယ် ။  ငပိထောင်းနဲ့ မစားချင်ရင် ဘိတ်ချဉ်လေး နဲ့ တွဲစားပါ ။
  7. ကော်ရည်ခေါက်ဆွဲ (ဝက်သား မစားသူများ ကြက်သားနဲ့ ချက်ပါ)။
Credit: Aye Thida Myint

Review

User Rating

3.3 (8 Votes)