ခေါက်ဆွဲ - Noodle Dishes | ကြက်ဥ - Eggs

ကြက်ဥခေါက်ဆွဲကြော်

December 16, 2015

ကြက်ဥခေါက်ဆွဲကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • ခေါက်ဆွဲ အပိုင်းပြား (ရေနွေးဖျောထားပါ)
  • ပုဇွန်အသေး ၊ ကြက်သား (အတုံးသေးတုံးထားပါ)
  • ၀က်ခေါက်ပြားခြောက် (ရေစိမ်ထားပါ)
  • ဂေါ်ဖီ
  • ခါကြက်ဥ
  • ရွှေပဲသီး( ကြိုက်နှစ်သက်ရာအသီးအနှံ့)
  • ငုံးဥ ပြုတ်ထားပါ
  • ပဲငံပြာရည်
  • ခရုဆီ
  • ဆား
  • အချိုမှုန့်
  • ဆီ
  • သကြား
  • ကြက်သွန်ဖြူ
  • တရုတ်နံနံပင်

ပြုလုပ်နည်း

  1. ဒယ်အိုး ထဲကို ဆီ၊ ကြက်သွန်ဖြူ ထုထည့်ပြီး ရဲလာလျှင် ကြက်သား၊ ပုဇွန်၊ ခရုဆီ ထည့်ကြော်ပါ။
  2. ၀က်ခေါက်ခြောက် ရေစိမ်ထားတာ ထည့်ပါ ။
  3. အသီးအရွက်၊ သကြား၊ ဆား၊ အချိုမှုန့်၊ ပဲငံပြာရည် ထည့်ပါ။
  4. ပြီးလျှင်ခေါက်ဆွဲ ထည့်ပြီး အရသာ စိတ်ကြိုက် ပြင်ဆင်ပါ ။
  5. ငုံးဥထည့်၍ တရုတ်နံနံ အုပ်ပြီးလျှင် သုံးဆောင်နိုင်ပါသည်။
  6. အချဉ် (ကြက်သွန်နီ၊ ငရုတ်သီးစိမ်း မထူမပါး ပေါ်တွင် သံပုရည်ညှစ်ပြီး သုံးဆောင်နိုင်ပါသည်။)
Credit: Yadana Cooking

Review

User Rating

3.3 (3 Votes)