ကချင် - Kachin | အမဲသား - Beef | အထောင်း - Pounded

ကချင်‬ အမဲသားထောင်း

June 27, 2016

ကချင်‬ အမဲသားထောင်း

Share this on:

ပါဝင်ပစ္စည်းများ

  • အမဲလိုင်းသား - ၁၅၀ ဂရမ်
  • ဂျူးမြစ် - ၃၀ ဂရမ်
  • ဖက်ဖယ်ရွက် - ၁ စည်း
  • ငရုတ်သီးစိမ်း - ၆ တောင့်
  • ကြက်သွန်ဖြူ - ၅ တက်
  • သံပုရာသီး - ၁ လုံး
  • ငါးငံပြာရည် - ၃ (စားပွဲတင်ဇွန်း)
  • ကြက်သားမှုန့် - အနည်းငယ်
  • ဆား - အနည်းငယ်
  • ဆီ - ၃ (စားပွဲတင်ဇွန်း)

ပြင်ဆင်ပြုလုပ်နည်း

  1. အမဲသားကို ရေသန့်စင်စွာဆေးပြီး မထူမပါး အပြာလေးတွေ လှီးပြီး ဆား ၊ ကြက်သားမှုန့် အနည်းငယ်ထည့်ပြီး နပ်ထားပါ ။
  2. ဒယ်အိုးတစ်လုံးထဲ ဆီ ထည့်ပြီး မီးအပူပေးပါ ။ ပူလာလျှင် အမဲသားထည့် ကျက်သွားသည်ထိ လှိမ့်ပေးပါ ။ ကျက်သွားလျင် ပန်းကန်တခုထဲ ခဏထည့်ထားပါ ။
  3. ဂျူးမြစ်‬ ၊ ဖက်ဖယ်ရွက်‬၊ ငရုတ်သီး ၊ ကြက်သွန်ဖြူ များကိုရေစင်အောင်ဆေးပါ ။ (အမဲသားထောင်ရန်အတွက်)
  4. ပထမဆုံး ကြက်သွန်ဖြူ ၊ ငရုတ်သီး ၊ ဂျူးမြစ် ၊ ဖက်ဖယ်ရွက်ထည့်ပြီး ထည့်ထောင်းပါ ။ ကြေညက်သွားပြီဆိုရင် အမဲသားထည့်ထောင်းပါ ။ ပြီးလျှင် သံပုရာသီး ၊ ငါးငံပြာရည် ၊ ကြက်သားမှုန့် ၊ ဆီထည့်ပြီး သမအောင်နယ်လိုက်ပါ ။ ဂျူးမြစ် အနံမွှေးမွှေးလေးနဲ့ ချဉ်စပ်အရသာလေးရှိတဲ့ ကချင် အမဲသားထောင်းကို ရရှိပါပြီ ။
Credit: ဆားလင်းကြီးသားလေး ကျနော်

Review

User Rating

2.4 (5 Votes)