ဝက်သား - Pork | အပေါင်း - Steamed

ကင်ချီ ဝက်သားပေါင်း (Kimchi with Pork Stew)

January 1, 2016

ကင်ချီ ဝက်သားပေါင်း (Kimchi with Pork Stew)

Share this on:

ပါဝင်ပစ္စည်းများ

  • ကင်ချီ - ၄၅၀ ဂရမ်
  • ဝက်သား - ၂၃၀ ဂရမ်
  • ရေ - ၄၇၀ မီလီလီတာ
  • ကင်ချီ အရည် - ၆၀ မီလီလီတာ
  • ပဲပြားအသေး - ၁ တုံး
  • ကြက်သွန်မြိတ် - ၃ ပင်
  • ငရုပ်သီးမှုန့် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ငရုပ်သီးအနီတောင့် - ၁ တောင့်
  • နှမ်းဆီ - ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်ဖြူ - ၆ မွှာ
  • ဆား ၊ ငရုပ်ကောင်းမှုန့် - (အနည်းငယ်)

ပြုလုပ်နည်း

  1. ပထမဆုံး ဝက်သားကို ရေဆေးကာ အနေတော် အရွယ် အတုံးလေးများ တုံးပြီး ပန်းကန် တစ်ခု ထဲသို့ ထည့်၍ ကြက်သွန်ဖြူ ၃ မွှာ ကို ခပ်နုပ်နုပ်လေးများ ဖြစ်အောင် ဓားဖြင့် စဉ်းပြီး ထည့်ပါ။
  2. နှမ်းဆီ တစ်ဇွန်း နှင့် ဆား၊ ငရုပ်ကောင်းမှုန့် အနည်းငယ် ဆီ ထည့်ပြီး ဝက်သားကို နယ်ထားကာ ၁၀ မိနစ်ခန့် နှပ်ထားပါ။
  3. ထို့နောက် ဒယ်အိုး တစ်ခု ထဲသို့ နှမ်းဆီ တစ်ဇွန်း ထည့်ပြီး ဝက်သားများကို ၃ မိနစ်ခန့် ထည့်ကြော်ပါ။
  4. ကင်ချီ ထည့်ပါ။ (ကင်ချီသည် အနည်းငယ် ချဉ်နေပြီးသော ကင်ချီ ဖြစ်ရပါမည်။)
  5. ငရုပ်သီးမှုန့် ၁ ဇွန်းထည့်ပြီး ၃ မိနစ်ခန့်ကြော်ပါ။ မွှေးလာပါက ရေကို ပါဝင် အချိုးအစား အတိုင်း ထည့်ပါ။
  6. ကင်ချီ အရည် ပါထည့်ပြီး ကျန်ရှိနေသည့် ကြက်သွန်ဖြူ ၃မွှာကို နုပ်နုပ်စဉ်း ထည့်ပါ။
  7. ဆား အနည်းငယ် ထည့်၍ အဖုံးပိတ်ပြီး ၁၀ မိနစ်ခန့် မီးတစ်ဝက် ချပြီးပေါင်းပါ။
  8. ၁၀-မိနစ် ပြည့်ပါက ပဲပြားကို အပြားလိုက် လှီးထည့်ပြီး ၅ မိနစ်ခန့် အဖုံး ပြန်ပိတ်ထားပါ။ ထို့နောက် ကြက်သွန်မြိတ် လှီးထည့်၍ ငရုပ်ကောင်းမှုန့် အနည်းငယ် ဖြူးကာ ငရုပ်သီးစိမ်းကို ခပ်ပါးပါး လှီးထည့်ပါ။ (စပ်စပ်လေး သောက်ချင်ပါက ငရုပ်သီးစိမ်း ပိုပြီးလှီး ထည့်နိုင်ပါသည်။)
  9. ၂ မိနစ်ခန့် အဖုံးအုပ်၍ တည်ထားပြီး အရသာ မြည်းကာ အသင့် စားသုံးနိုင် ပါသည်။ (ကိုရီးယား ရိုးရာ ဟင်းပွဲ ဖြစ်ပြီး ချဉ်ချဉ်စပ်စပ် အရသာ ရှိကာ အလွန် သောက်လို့ ကောင်းလှပါသည်။)
Credit: ဇွဲသုသု

Review

User Rating

0 (0 Votes)