ပါဝင်ပစ္စည်းများ

  • ကင်ပွန်းဖူး
  • ငါးကြင်းဖြူ
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ခရမ်းချဉ်သီး မှည့်မှည့်
  • ဆီ
  • ဆား
  • နနွင်းမှုန့်
  • ငရုပ်မှုန့်
  • ဘိုကိတ်ပဲ

ပြုလုပ်နည်း

  1. ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး မှည့်မှည့်ကို မီးအေးအေးနဲ့ အိလာအောင် ဆီသတ်ပါ။ ဆား သင့်ရုံထည့် ၊ အုပ်ထားပြီး အိလာပြီ ဆိုမှ ငရုပ်မှုန့် ထည့်ပါ။
  2. ဆား ၊ နနွင်းလူးပြီး ကြော်ထားတဲ့ ငါးကြင်းဖြူ ကြော်ထည့်ပါ။ ရေ သင့်ရုံ ထည့်ပြီး ဆူလာမှ ကင်ပွန်းဖူးလေးတွေထည့်ပါ။
  3. ခဏကြာလျှင် အပေါ့ငံ အတွက် ဆား သင့်ရုံထည့်ပါ။ ဆမ်းစားဖို့ ရေလေးချန်ပြီး ချလို့ရပါပြီ။ ဘိုကိတ်ပဲကို ဆား ၊ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး တစ်လုံး ၊ နနွင်း ၊ ဆီလေးနဲ့ Rice Cookerမှာ နူးအိလာသည်ထိ ချက်ပေးပြီး ချခါနီး၊ နံနံပင် အုပ်ပေးပါ။
  4. အရသာမှုန့် ၊ ဟင်းချိုမှုန့်များ လုံးဝ မလိုပဲ သဘာဝ အတိုင်း အရသာရှိပြီး လိုက်ဖက်တဲ့ ဟင်းစပ်လေးပါ။ ငရုပ်သီး ဆားထောင်းလေးပါရင် ပိုလို့ လိုက်ဖက်ပါတယ် ။

Credit: Soe’s Cooking Collection