ဒီတခါမှာတော့ ကိုရီးယားချစ်ပရိတ်သတ်တွေအတွက် ကိုရီးယားဇာတ်လမ်းတွဲတွေထဲမှာ မြင်ဖူးနေကြဖြစ်တဲ့ ကင်မ်ချီဟင်းရည်ချက်နည်းလေးကို ဖော်ပြပေးချင်ပါတယ်။ နီနီရဲရဲလေးဆိုတော့ လူကြီးတွေ အကြိုက်တွေ့ကြမှာဆိုပေမယ့် ကလေးတွေကတော့ အနားတောင်ကပ်နိုင်မှာမဟုတ်ပါဘူး။ ချဉ်ချဉ်စပ်စပ်လေးနဲ့ အရသာအလွန်ကောင်းဆိုတော့ ထမင်းစားရတာ ခံတွင်းအလွန်မြိန်မှာပါ။

ပါဝင်ပစ္စည်းများ

  • ကင်မ်ချီ (Kimchi)
  • ဝက်သား သုံးထပ်သား (Pork-Belly)
  • သကြား (Sugar)
  • Dasida
  • တု့ိဖူး (Tofu)
  • ကိုရီးယား ပဲကြာဇံ (Korea Glass Noodle)

ပြုလုပ်နည်း

  1. ပထမဦးစွာ ဝက်သားကို ပါးပါးလှီး၍ အိုးကင်း ပူတိုက်ပြီး အနည်းငယ် လှော်ပါ ။ ဝက်သားမကြိုက်လျှင် Tuna ငါးသတ္တာဗူး နှင့် ချက်၍ ရပါတယ်။ ထို့နောက်ရေထည့်ပါ။
  2. ရေအနည်းငယ် ပွက်လာလျှင် ကင်ချီထည့်ပါ။ ကင်ချီကို ရေခဲသေတ္တာထဲမှ ထုတ်၍ အပြင်တွင် ၂ ရက်ခန့်ထား၍ အချဉ် ဖောက်ထားပေးရန် လိုပါသည်။
  3. ကင်မ်ချီ စွပ်သည် ချဉ်ချိုလေးမှ သောက်လို့ကောင်းပါသည်။ ထို့နောက် သကြား အနည်းငယ်ထည့်ပါ ။ Dasida လို့ခေါ်တဲ့ ကိုရီယား အမဲသားမှုန့်အနည်းငယ် ထည့်ပေးပါ။
  4. ပြီးနောက် Tofu (တို့ဖူး) ထည့်ပါ ။ ကြက်သွန်စိမ်း ကြိုက်လျှင် အနည်းငယ်လှီး ထည့်နိုင်ပါသည်။ ထို့နောက် Korea Glass Noodle ကြာဇံထည့်ပြီး ၊ အပေါ်မှ ကြက်သွန်မြိတ်လေးဖြူး၍ အသင့် သုံးဆောင်နိုင်ပါသည်။
  5. အစပ် ကြိုက်လျှင် ငရုပ်သီးစိမ်း ပါးပါးလှီး ထည့်၍လည်း သုံးဆောင်နိုင်ပါသည်။ မိုးအေးအေးတွင် Kimchi Soup ပူပူလေးကို ချဉ်ချဉ် စပ်စပ်လေးသောက်လျှင် အထူးအရသာရှိလှပါတယ်။

Credit: ဇွဲသုသု