ကင်မွန်းချဉ်ရွက် ဟင်းရည်

Share this on:

မိုးတွင်းဆိုတော့ ခြံစည်းရိုးမှာ စိုက်ထားတဲ့ ကင်မွန်းချဉ်ရွက်တွေက ခူးလိုက်ရင်း အညွှန့် တလူလူနဲ့ ထွက်လာရင်း ဆိုတော့ ကင်မွန်းချဉ်ရွက်ကို ကြော်လိုက် ၊ ဟင်းထဲအုပ်လိုက် ၊ အရည်သောက် ချက်လိုက်နဲ့ ဒီမိုးတွင်းတော့ လှိုင်လှိုင် စားရပါ့ ။  ကိုယ့်အိမ်က ခူးပြီးချက်တော့လည်း လတ်ဆပ်တာမှ ပြောစရာမရှိ ။  ချက်ကြည့် ရအောင်နော် ။

14060289_10154731975678132_267838724_o

ပါဝင်ပစ္စည်းများ

  • ကင်မွန်းချဉ်ရွက်
  • ခရမ်းချဉ်သီး - ၁ လုံး (လေးစိပ် စိပ်ထားပါ)
  • ကြက်သွန်နီ - ၁ ဥ (လေးစိပ် စိပ်ထားပါ)
  • ပုဇွန်ခြောက်မှုန့် - အနည်းငယ်
  • နနွင်းမှုန့် - အနည်းငယ်
  • ဆား - အနည်းငယ်
  • ငံပြာရည် - ၁ ဇွန်း
  • ရေ

ပြုလုပ်နည်း

  1. ကင်မွန်းချဉ်ရွက်ကို ခြွေပြီး ရေဆေးပြီး ရေစစ်ထားပါ ။
  2. အိုးထဲတွင် ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ ပုဇွန်ခြောက်မှုန့် ၊ နနွင်းမှုန့် ၊ ငံပြာရည်တို့ ထည့်ရ်ျ့  သေချာစွာလုံးပါ ။
  3. လုံးပြီးလျင် ရေထည့်ရ်ျ ဆူအောင်တည်ပါ ။
  4. ဟင်းရည် ဆူလာလျင် ကင်မွန်းချဉ်ရွက်ကို ခပ်ပြီး ၁၀မိနစ်ခန့် ထားပြီး မီးဖိုပေါ်မှ ချပါ ။
  5. အရသာ အပေါ့အငံ မြည်းရ်ျ ဆားလိုလျင် ထည့်ရ်ျ သုံးဆောင်နိုင်ပါပြီ ။
My Food Myanmar

Review

User Rating

2.7 (3 Votes)