ကင်းပုံသီးတချို့ကမခါးတတ်ပေမယ့် အချို့အသီးတွေကတော့ ခါးတဲ့အရသာလေးရှိတတ်ပါတယ်။ ဒီအခါမှာ အခါးဓာတ်လေးကို နည်းနည်းပျောက်စေဖို့ နွားနို့လေးကို ထည့်ချက်ကြည့်ကြမယ်။

ပါဝင်ပစ္စည်းများ

  • ကင်းပုံခါးသီး ၃၅ လုံး ( ကျည်ပွေ့ဖြင့် ကြေမသွားစေရန် ခပ်ဖွဖွ ထုပြီး ဆားဖြင့် သေချာ နယ်ပြီး ရေစင်အောင်ဆေး ၊ ရေစစ်ထားပါ)
  • နွားနို့ ၃ လီတာ
  • ကြက်သွန်နီ ၅ လုံး (အတုံးသေးလေးများ တုံးထားပါ)
  • ငရုတ်ကြမ်းမှုန့် ၃ ဇွန်း
  • နနွင်း အနည်းငယ်
  • ဆီ ၅ ကျပ်သား
  • ဆား ၁ ဇွန်း (ဟင်းစားဇွန်း)

ပြုလုပ်နည်း

  1. နွားနို့များကို အရင်ဆုံး သုံးပုံ တစ်ပုံလောက် ခမ်းသွားအောင်ကြိုထားပါ။ ခမ်းသွားပြီဆိုလျှင် ဆီ ၊ ဆား ၊ နနွင်းမှုန့် ၊ ငရုတ်ကြမ်း ၊ ကြက်သွန်နီထည့် တည်ထားပါ ။
  2. ၁၀ မိနစ်လောက် တည်ထားပြီး ကင်းပုံသီး အခါးများ ထည့်ပါ ။ မီးမပြင်းရ။
  3. ခဏခဏ မမွှေပဲ အိုး မကပ်စေရန်သာ မကြာမကြာ ကြည့်ပြီး အသာလေး မွှေပေးပါ။
  4. နို့ရည်များ ခမ်းပြီး ထွေးလာလျှင် ကင်းပုံသီးလေးများလည်း အိလာပါပြီ။ အပေါ့အငံ စိတ်ကြိုက် ပြင်ပြီး စားလို့ ရပါပြီ။
  5. အရမ်း မခါးပဲ ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိလှတဲ့ ဟင်းလေး တစ်ခွက် ရပါပြီရှင်။

Credit: Soe’s Cooking Collection