ဒီမနက် ဈေးသွာရင်း ကင်းမွန်လတ်လတ်ဆတ်ဆတ် တွေ့တာနဲ့ အတွေးထဲ သုပ်စားဖို့ စိတ်ကူးလေးရတာနဲ့ ကိုယ်သုပ်စားတဲ့ နည်းလေးကို ရှယ်ပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

ingredient for spicy squid salad

  • ကင်းမွန်
  • ငရုပ်သီးစိမ်း
  • ငပိ
  • ငရုပ်ကောင်းစေ့အမဲ
  •  ကြက်သွန်နီ
  •  ကြက်သွန်ဖြူ
  • ဆား
  • ပုဇွန်ခြောက်မှုန့် ( ဟင်းချိုမှုန့်)
  • သံပုရာသီး
  • ဂျင်းစိမ်း
  • နံနံပင်

ပြင်ဆင်ပြုလုပ်နည်း

  1. ကင်းမွန်ကို သေချာသန့်စင်ထားပါ။ ဆား၊ ဂျင်းစိမ်း မညှက်တညှက်ထောင်းထည့်ပြီး ရေအနည်းငယ်ဖြင့် ပြုတ်ပါ။
  2. ကင်းမွန်က ရေထွက်သေးတာမို့ ရေအများကြီးထည့်ပြုတ်ပေးစရာမလိုပါ။
  3. ငရုပ်သီးမီးကင်၊ ငပိမီးကင်တို့ကို ဆား၊ ပုဇွန်ခြောက်မှုန့်၊ ငရုပ်ကောင်းစေ့အမဲ၊ ကြက်သွန်ဖြူ လိုသလောက်ထည့်ကာ ထောင်းပေးပါ။ ရလာတဲ့ အနှစ်၊ ပါးပါးလှီထားတဲ့ ကြက်သွန်နီ၊ ကင်းမွန်ပြုတ်တို့ကို သုပ်မည့် ဇလုံတွင် ထည့်ကာ သမအောင် နယ်ပေးပါ။ သံပရာသီး ညှစ်ထည့်ပါ။ အပေါ့အငံမြည်းပြီး နံနံပင်လေး ဖုံးအုပ်ပေးလိုက်ရင် ငရုပ်ကောင်း၊ ကြက်သွန်ဖြူ၊ သံပုရာနံ့တသင်းသင်းဖြင့် ကိုယ်တိုင်စိတ်ကြိုက်ဖြစ်တဲ့ ကင်းမွန်သုပ်ရပါပြီ။

Credit: Kyauk Phyu Thu