ပါဝင်ပစ္စည်းများ

  • ကင်းမွန် အနေတော်အရွယ် ၇ကောင်
  • ကြာဇံ လက်တစ်ဆုပ် ကုဆိုင်ရွက်
  • ကြက်သား ၁၀သားခန်
  • ပုဇွန်
  • ကြက်ဥ တစ်လုံး

  • ဆား လက်ဖက်ဇွန်းဝက်
  • သကြား ၁ဇွန်း
  • ငရုပ်ကောင်းမှူန့် အနည်းငယ်
  • ဟင်းခတ်မှူန့် ၁ဇွန်း
  • ကော်မှူန့် ၁ဇွန်း

ပြုလုပ်နည်း

၁။ ကင်းမွန် အနေတော် အရွယ်၇ကောင်ခန့်ကို ခေါင်းဖြုတ်ပြီး အမဲရောင် အခွံများ ခွာကာ သန့်ရှင်းအောင် ဆေးကြောထားပါ။

၂။ ကြာဇံ လက်တစ်ဆုပ်ခန့် ရေစိမ်ထားပါ။ ကုဆိုင်ရွက်ကို ပါးပါးလှီး ထားပါ။

၃။ ကြက်သား ၁၀သားခန့်နုတ်နုတ် စင်းထားပါ။

၄။ ပုဇွန် နှင့် ကြက်ဥ တစ်လုံး ဖောက်ထည့်ပြီး၊ ကင်းမွန်မှ လွဲ၍ ပါဝင် ပစ္စည်းများ အားလုံးကို ဆား လက်ဖက်ဇွန်းဝက်၊ သကြား ၁ဇွန်း၊ငရုပ်ကောင်းမှူန့် အနည်းငယ်၊ ဟင်းခတ်မှူန့် ၁ဇွန်းနဲ့ ကော်မှူန့် ၁ဇွန်းထည့်ကာ ရောနယ်ထားပြီး ကင်းမွန်ထဲအစာသွတ်ကာ၊သွားထိုးတုတ် နဲ့အဝကို ထိုးပိထားပြီး၊ ပန်းကန်ပြားထဲ ထည့်ပြီး ၁၅မီနစ်ခန့် ပေါင်းအိုးနဲ့ ကျက်အောင် ပေါင်းပါ။ ကျက်ပါက အချဉ်ရည်ဖြင့် တွဲဖက် စားနိုင် ပါပြီ။ ကင်တာ ကြိုက်ပါက ဒီနည်းအစာသွတ်ပြီး ကင်စားနိုင်ပါတယ်။

အချဉ်ရည်လုပ်နည်း

ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းနု တ်နုတ်စင်းပြီး သကြား၊ ငံပြာရည်၊ သံပုရည် ညှစ်ထည့်ပြီး၊ နံနံပင် ညှပ်ထည့်ကာ သုံးဆောင်နိုင်ပါပြီ။

Credit: Daw Moe Moe Thi & Thida Lay Lay