ပါဝင်ပစ္စည်းများ

  • ကန်ဇွန်းဥ အနီ (အခွံခွာပြီး) – ၂၂၀ ဂရမ် (ပေါင်းထာပါ)
  • ဆန်မှုန့် – ၁၀၀ ဂရမ်
  • အုန်းနို့ – ၁၀၀ ml

  • သကြား – ၅၀ ဂရမ်
  • ဆား – အနည်းငယ်
  • အုန်းသီး အနည်းငယ် – ( ခြစ်ထားပါ )

ပြုလုပ်နည်း

ပေါင်းထားသော ကန်ဇွန်းဥကို အားလုံး ကြေညက်သွားအောင် ခရင်းနှင့် ခြေထားပါ ။

ခြေထားသော ကန်ဇွန်းဥ အနှစ်များကို ဇလုံ တခုထဲတွင် ဆန်မှုန့် ၊ အုန်းနို့ ၊ သကြား ၊ ဆား အနည်းငယ်တို့နှင့် နှံ့စပ်အောင် နယ်ပါ။

ပြီးလျင် ပုံစံခွက်ထဲတွင် ထည့်၍ အပေါ်မှ ခြစ်ထားသော အုန်းသီးဖတ်လေးများကို ဖြူး၍ ပေါင်းပါ။

ပေါင်းပြီးသား ကန်ဇွန်းဥမုန့်များကို အအေးခံထားပါ။

ပြီးလျှင် ကဇွန်းဥ မုန့်ခွက်များကို ရေခဲသေတ္တာထဲတွင် ထားပြီးလျှင် စားကာနီးမှ ခွက်လေးများထဲမှ ထုပ်ပြီး သုံးဆောင်နိုင်ပါသည်။

မွှေး၍ အေးနေသော ကန်ဇွန်းဥမုန့်လေးကို ကြိုက်နှစ်သက် ကြပါစေ။

MyFood Myanmar