ပါဝင်ပစ္စည်းများ

  • ကညွတ်
  • မြေပဲ
  • ပုဇွန်ခြောက်မှုန့်
  • ကြက်သားမှုန့် (သို့မဟုတ်) သကြား
  • ငံပြာရည်
  • ကြက်သွန်ဖြူဆီချက်
  • ကြက်သွန်နီကြော်
  • နှမ်း
  • သံပုရာသီး
  • ငရုတ်သီးအနီ

ပြင်ဆင်ပြုလုပ်နည်း

  1. ကညွတ်ကို မထူးမပါး အစောင်းလေးတွေ လှီးဖြတ်ပြီး ရေဆေးသန့်စင်ထားပါ ။  ရေနွေးဆူအိုးထဲသို့ ဆား ၊ ဆီတို့ကို ထည့်ပြီး   ကညွတ်ထည့်ပြုတ်ပါ ။ ဆယ်ယူပြီး ရေခဲရေထဲတွင် စိမ်ထားပါ ။
  2. ကြက်သွန်ဖြူ ဆီသတ်ထားပါ ။ ကြက်သွန်နီကို ကြော်ထားပြီး ဆီစစ် အအေးခံထားပါ ။
  3. ငရုတ်သီးအနီကို ရေးဆေးသန့်စင်ပြီး အစောင်းလှီးထားပါ ။ မြေပဲကို ထောင်းထားပါ ။ သံပုရာရည် ညှစ်ထားပါ ။

အသုပ်သုပ်နည်း

1. အားလုံးပြင်ဆင်ပြီးသွားပြီဆိုလျှင် ရေခဲရည်စိမ်ထားသော ကညွတ်ကို ဆယ်ယူပြီး ရေစစ်ပါ ။ ပြီးလျှင် ကြက်သွန်ဖြူဆီချက် ၊ ပုဇွန်ခြောက်မှုန့် ၊ မြေပဲထောင်း၊ ကြက်သားမှုန့် (သို့မဟုတ် ) သကြား ၊ ငံပြာရည်အနည်းငယ် ၊ နှမ်း ၊ ငရုတ်သီး ၊ သံပုရာရည်တို့ကို ထည့်နယ်ပါ ။ အသုပ်အပေါ်မှ ကြက်သွန်နီကြော် ဖြူးပေးပါ ။  ချဉ်ငံစပ်အရသာရယ် ကညွတ်ရဲ့ ခါးသက်သက်အရသာရယ်ဆိုတော့ အရသာစုံ ပေးစွမ်းတဲ့ ကညွတ်သုပ်ရပါပြီ ။

Credit: April Lwin