ကတက်ချဉ်သုတ်

Share this on:

14233701_10154764271783132_425510004_o

ပါဝင်ပစ္စည်းများ

  • ကတက်ချဉ် - ၂ စည်း (မထူမပါး လှီးထားပါ)
  • ကြက်သွန်နီ - ၁ လုံး (ပါးပါးလှီးထားပါ)
  • မြေပဲဆံလှော် - အနည်းငယ် ( ထောင်းထားပါ )
  • ငရုပ်သီးစိမ်းနီ - ၅ တောင့် ( ပါးပါးလှီးထားပါ )
  • အချိုမှုန့် - အနည်းငယ်
  • ဆား - အနည်းငယ်
  • သံပုရာသီး - တခြမ်း (အရည်ညှစ်ထည့်ပါ)
  • နံနံပင်
  • ဆီစိမ်း - ၁ ဇွန်း ( စားပွဲတင်ဇွန်း)

ပြုလုပ်နည်း

  1. ကတက်ချဉ်ကို ရေဆေးကြောပြီး ရေစင်အောင် ညှစ်ထုပ်ပါ ။ ပြီးနောက် မထူးမပါးလေးများ လှီးထားပါ ။
  2. ဇလုံးတစ်လုံးထဲတွင် ကတက်ချဉ်များ ထည့်ပြီး ၊ ပါဝင်ပစ္စည်းများ အားလုံး ထည့်၍ ရောနယ်ပါ ။
  3. အားလုံး ရောနယ်ပြီးပါက အရသာ အပေါ့အငံ မြည်းပြီး နံနံပင် ဖြူး၍ အသင့် စားသုံးနိုင်ပါသည် ။
My Food Myanmar

Review

User Rating

2.3 (3 Votes)