ကန်ဇွန်းရိုးချဉ်

Share this on:

ပါဝင်သောပစ္စည်းများ

  • သကြား – 1/3 Cup (80 ml)
  • ဆား – 1 1/4 Tsp (6.25 ml)
  • အတော်အသင့်နွေးသော ရေနွေး (သို့) ရေကျက်အေး – 1 Cup (250 ml)
  • ရှာလကာရည် – 1/3 Cup (80 ml)
  • အရိုးရင့်များဖယ်ထုတ်ထားသည့် ကန်ဇွန်းရိုး – 220 g (၁၄ ကျပ်သားခန့်)
  • ၂ ခြမ်းကွဲလှီးကာ အစေ့ထုတ်ထားသော ငရုတ်သီးစိမ်း – ၁၀ တောင့်
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ အတက်ကြီး – ၅ တက်

ပြုလုပ်နည်း

  1. သကြား နှင့် ဆားကို ရေနွေးထဲထည့်ပြီး ပျော်အောင်ဖျော်ကာ အအေးခံထားပါ။ အေးလျှင် ရှာလကာရည်ထည့်ပါ။
  2. ပွက်ပွက်ဆူနေသောရေထဲ ကန်ဇွန်းရိုးများထည့်ချကာ တစ်ချက် နှစ်ချက်မွှေပြီးသည်နှင့် ချက်ချင်းဇကာထဲ လောင်းချ ရေစစ်ပါ။
  3. ပြီးသည်နှင့် အရမ်းအေးနေသော ရေခဲရေထဲထည့်ကာ လုံးဝအေးသွားအောင် စိမ်ပါ။
  4. အေးသွားလျှင် ဇကာဖြင့်ရေကုန်အောင်စစ်ပြီး ငရုတ်သီးစိမ်း နှင့် ကြက်သွန်ဖြူထည့်ထားသည့် သန့်ပြန်သောဗူးထဲ ကန်ဇွန်းရိုးများ ထည့်ပါ။
  5. ပြီးနောက် ဖော်ျထားသည့် သကြား နှင့် ရှာလကာရည်လောင်းထည့်၍ အဖုံးလုံအောင် ဖုံးကာ အခန်းအပူရှိန်ဖြင့် ၂၄ နာရီခန့် ထားပါ။
  6. ၂၄နာရီခန့် ထားပြီးနောက် ချဉ်ချိုအရသာလေးနဲ့ ကြွပ်ကြွပ်ရွရွစားလို့ကောင်းလှသော ကန်ဇွန်းရိုးချဉ်လေး အရသာရှိစွာ သုံးဆောင်ရန် အသင့်ဖြစ်ပါပြီ။ (ပိုသည်များကို ရေခဲသေတ္တာထဲ ထည့်သိမ်းကာ ၃-၄ ပတ်ခန့် ထားပြီး ကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါတယ်။)
Vietnamese ပဲပင်ပေါက်ချဉ် လုပ်နည်းနဲ့ အခြေခံ သဘော အတူတူပဲ ဖြစ်ပါတယ်။

Review

User Rating

0 (0 Votes)