ထမင်း - Rice Dishes | ဟင်းသီးဟင်းရွက် - Vegetables

ကန်ဇွန်းဥ ကောက်ညှင်းကင်နည်း

July 30, 2016

ကန်ဇွန်းဥ ကောက်ညှင်းကင်နည်း

Share this on:

အလွယ်တကူ လုပ်စားလို့ရတဲ့ Lay ရဲ့ ကန်ဇွန်းဥကောက်ညှင်းကင်နည်းလေး မျှဝေပေးပါရစေနော် ။

Grilled Sticky rice 1

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန်  -  ၂ဗူး
  • သကြား  -   ၁၀သား
  • ဆား  - ၂ဇွန်း (လက္ဘ်ဇွန်း)
  • ကန်ဇွန်းဥ  -  ၂၅ကျပ်သား
  • ရေ  -  ၁ဝက် (ငါးကြင်းဖန်ခွက်)

ပြုလုပ်နည်း

  1. ကောက်ညှင်းကို ၂နာရီခန့် ရေစိမ်ထားပြီး ကျက်အောင်ပေါင်းထားပါ ။
  2. ကန်ဇွန်းဥကို ဆေးကြောသန့်စင်ပြီး ကျက်အောင်ပြုတ်ပြီး ဇွန်းနဲ့ဖိချေထားပါ။ ရေဆူအောင်တည်ပြီး သကြားနဲ့ဆားလက္ဘ်ဇွန်း၁ဇွန်းထည့်ပြီး ကန်ဇွန်ဥ ထည့်ကျိုကာ ရေခန်းပြီး စေးတဲ့ထိ ထားပြီး အအေးခံပါ ။
  3. ငှက်ပျောဖက်ကို အနေတော်ညှပ်ပြီး ကတော့ပုံစံလေးလုပ်ပြီး ကောက်ညှင်းအရင်ထည့်ပါ ။ အလယ်မှာ ကန်ဇွန်ဥယို ထည့်ပြီး ထုပ်ကာ  မီးဖြည်းဖြည်းဖြင့် ကင်ပါ ။
  4. ငှက်ပျောရွက်မီးအနည်းငယ် ကျွမ်းပြီး.အနံ့လေးမွှေးလာပြီးဆိုရင်တော့..သုံးဆောင်လို့ရပါပြီးရှင့်။

Credit: Thida Lay Lay

Review

User Rating

5 (2 Votes)