Recipes | ဟင်းသီးဟင်းရွက် - Vegetables

ကရင်တာလပေါ ဟင်းချက်နည်း

March 28, 2016

ကရင်တာလပေါ ဟင်းချက်နည်း

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ - ၁ဥ
  • ငရုပ်သီးအကြမ်းဖတ်ထောင်း - အနည်းငယ်
  • ကြက်သွန်ဖြူ - ၃ ဥ
  • ဆီ - ၂ စားပွဲတင်ဇွန်း
  • အာလူး - ၂ လုံး
  • ခရမ်းသီး - ၂ လုံး
  • ရုံးပတီသီး - ၅ တောင့်
  • ပဲသီး - ၁ စည်း
  • ပဒဲကော - ၃ ပင်
  • ရွှေဖရုံသီး - ၁ စိတ်
  • ဘူးသီး - ၁ စိတ်
  • မျှစ်ချဉ် - ၁၅ ကျပ်သား
  • ဒန့်သလွန်သီး - ၂ တောင့်
  • ဆန်လှော်ထောင်း - နို့ဆီဗူးခွဲ
  • ကြက်သဟင်းရွက် - ၂ စည်း
  • မန်ကျည်းရည် - အနည်းငယ်
  • ပိန္နဲစိတ် - ၁ စိတ်
  • ဆား - ၂ လက်ဘက်ရည်ဇွန်း
  • ကြက်သားမှုန့် - ၂ လက်ဘက်ရည်ဇွန်း

ပြုလုပ်နည်း

  1. ဟင်းသီးဟင်းရွက်များကို ရေစင်အောင် ဆေးပြီး အနေတော် လှီးပါ ။
  2. ကြက်သွန်ဖြူ ၊ ကြက်သွန်နီ တို့ကို အခွံခွာ ပါးပါးလှီးပြီး ဆီသတ်ပါ ။
  3. ကြက်သွန် များမွှေးလာလျှင် ဆန်လှော် ထောင်းထည့် မွှေပါ ။ ရေအနည်းငယ် ထည့်ပါ ။
  4. ဆန်ပွလာလျှင်လှီးထားသော ဟင်းသီးဟင်းရွက်မှ ပဲသီး ၊ ရုံးပတီသီး ၊ ခရမ်းသီး နှင့် အရွက်ကို ချန်ပီး ကျန်သည့် ဟင်းသီးဟင်းရွက်များ ထည့်မွှေပါ ။ ဆားနှင့်ကြက်သားမှုန့် ထည့်ပါ ။
  5. ဟင်းသီးဟင်းရွက်များ မြုပ်အောင် ရေအနည်းငယ် ထည့်ပါ ။
  6. ဟင်းသီးဟင်းရွက်များ နူးလာပါက ပဲသီး ၊ ရုံးပတီသီး နှင့် ခရမ်းသီးတို့ ထည့်ပါ ။ ရေခမ်းလာပါက ဟင်းသီးဟင်းရွက်များ နူးမနူး ကို ကြည့်ပြီး ရေအနည်းငယ် ထပ်ထည့်ပေးပါ ။
  7. အသီးများ အားလုံး အနေတော်နူးလာပါက ဒန့်သလွန်ရွက်နဲ့ ကြက်သဟင်းရွက်တို့ ထည့်ပါ။
  8. အရွက်များထည့်ပြီး၂ မိနစ်နေပါက ပန်းကန်ထဲ ထည့်ပါ ။
  9. ချဉ်စပ်ကြိုက်သူများ မန်ကျည်းရည်နှင့် ငရုတ်သီး အကြမ်းဖတ် ထောင်းထည့်ပြီး စားနိုင်ပါသည် ။
Credit: မြန်မာ့သတင်း

Review

User Rating

4.5 (2 Votes)