တောင်းဆိုထားကြတဲ့ ကရင် မုန့်ဟင်းခါး ၊  ကရင် ငပိ နိုင်င်နိုင်လေးနဲ့ပေါ့။ စားချင်လွန်းလို့ လုပ်စားလိုက်တာ ကောင်းမှကောင်း။

ပါဝင်ပစ္စည်းများ

  • ငါးရံ့  (သို့မဟုတ်) ငါးခူ
  • ဇပလင်
  • နနွင်းမုန့်     နည်းနည်း
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ဆီ
  • ကရင်ငပိ
  • မုန့်ဖတ်
  • ဇီယာ
  • နံနံပင်
  • ခရမ်းချဉ်သီး.
  • ပဲတီပင်ပေါက်.
  • ပဲသီး

ပြုလုပ်နည်း

  1. အရင်ဦးဆုံး ငါးကို ပြုတ်ရပါတယ် ။  ငါးကတော့ ငါးရံ့  (သို့မဟုတ်) ငါးခူ ကြိုက်နှစ်သက်ရာ ငါးကို အသုံးပြုလို့ ရပါတယ် ။
  2. ငါးပြုတ်တဲ့ အချိန်မှာ ဇပလင်ကို ထုပြီးထည့် ၊ နနွင်းမုန့် နည်းနည်းထည့် ရောပြီး ငါးနူးအောင် အရင်ပြုတ်ပါ ။
  3. ငါးနူးရင်တော့ ငါး အသားလေးတွေ နွှာပေါ့နော် ။
  4. ကြက်သွန်နီကို အလောတော် လှီးပြီး ငါးပြုတ်ရည် ဆူနေတဲ့ အထဲကို ထည့်ပါ ။
  5. နွှင်ထားတဲ့ ငါးအသားကို ကြေအောင် လုပ်ပြီး ကြက်သွန်ဖြူ ဆီသပ်တဲ့ အထဲကို ငါးအသား ထည့်ပြီး ၊ခဏလောက် ကြော်လိုက်ပေါ့နော် ။
  6. ငါးအသားလေး ကြက်သွန်ဖြူ ဆီသပ်တဲ့ အနံ့လေး ရပြီး မွေးနေရောပေါ့ရှင် ။   ပြီးရင်တော့ ဆီသပ် ထားတဲ့ ငါး အသားကို ဟင်းရည်ထဲ ထည့်လိုက်ရုံ ပါပဲ ။
  7. အရမ်း အရေးကြီးတဲ့ တစ်ခုက ကရင်မုန့်ဟင်းခါးမှာ ကရင်ငပိ မပါမဖြစ်မို့ ငပိစိမ်းကို တည်ထားတဲ့ ဟင်းခါးရည် ဆူလေးနဲ့ ပန်းကန်လုံးထဲမှာ ဖျော်လိုက်ပြီး အရည်သက်သက်သာ ယူပြီး ဟင်းခါးရည်ထဲ ထည့်လိုက် ရုံပါပဲ ။
  8. ငါးအသားမှာ ချိုပြီး ငပိ အနံ့လေးက မွေးနေရောပေါ့နော် ။    အရသာ ကိုတော့ စိတ်ကြိုက် ထည့်ပြီး ကြက်သွန်နူးရင် ဟင်းခါးရည် မွှေးမွေးလေးရပြီ ။
  9. မုန့်ဟင်းခါးနဲ့ စားဖို့တို့စရာလေးတွေ ကတော့ ဇီယာ ၊ နံနံပင် ၊ ခရမ်းချဉ်သီး ၊ပဲတီပင်ပေါက် ၊ ပဲသီး ၊ ခရမ်းချဉ်သီး တို့နှင့် စားကြပါသည်။

Credit: Pan Moh Moh Aung