ကိတ်မုန့် ကျောက်ကျော

Share this on:

ပြုလုပ်ပုံ လွယ်ကူပြီး စားလို့လည်း အရမ်းကောင်းတဲ့ ကျောက်ကျောလေးပါ ။

ကိတ်မုန့်ကျောက်ကျော ၁

ပါဝင်ပစ္စည်းများ

  • ကျောက်ကျော - အထုပ်သေး ၁ ထုပ် (တယ်လီဖုန်း တံဆိပ်)
  • နို့ဆီ - ဗူး တစ်ဝက်
  • နို့စိမ်း - ၁ ဗူး
  • သကြား - ၁၅ ကျပ်သား
  • ကိတ်မုန့် - ၁ လုံး (အလုံးကြီး)

ပြုလုပ်နည်း

  1. ပထမ ဦးစွာ နို့ဆီ ၊ နို့စိမ်း ၊ သကြား ၊ ကျောက်ကျော အမှုန့် ၊ ဆား အနည်းငယ် တို့ကို ရေသန့် နို့ဆီဗူး ၇ ခွက်ဖြင့် ရော၍ ကြိုပါ ။
  2. ကျောက်ကျော အေးခဲမည့် ဗန်းထဲသို့ ကိတ်မုန့်လေးများကို အရွယ်တော် များတုံးပြီး စီ၍ ထည့်ပါ ။
  3. ကြိုထားသော ကျောက်ကျော ပွက်လာလျှင် ၅ မိနစ်ခန့် ဆက်လက်ကြိုပြီး အေးခဲရန် အဆင်သင့် ပြင်ထားသော ဗန်းထဲသို့ လောင်းထည့်၍ အအေး ခံထားပါ ။
  4. သတိထားဖို့ တစ်ခုက ကျောက်ကျော ကြိုနေစဉ် အိုးကို အဆက်မပျက် မွှေပေးရန် လိုအပ်ပါသည် ။
  5. စားလို့ အရမ်းကောင်းတဲ့ ကျောက်ကျောလေး ရပါပြီ ။
Credit: Theint Theint

Review

User Rating

3.7 (10 Votes)