ဂွေးတောက်ရွက်ရဲ့ ခါးသက်သက် အရသာနဲ့ ကြက်သားရဲ့ အချိုဓာတ်နဲ့ ရောစပ်ပြီး ချက်သောက်တဲ့ ကြက်ဂွေးလို့ ခေါ်တဲ့ ဟင်းချိုတစ်မျိုးဟာ အခုလို မိုးအေးအေးမှာ သောက်လို့ကောင်းမယ့် ဟင်းတစ်ခွက်ပါ။ အခုအချိန်မှာ ဂွေးတောက်ရွက် နုနုနဲ့ ကြက်သားကို အရိုးနဲ့ ချက်ရင် ပိုကောင်းပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဟင်းတစ်ခွက်လည်း ဖြစ်တာကြောင့်ဒီလို ရာသီဥတုနဲ့ လိုက်ဖက်လည်း ညီပါတယ်။

ဂွေးတောက်ရွက်ဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အရွက်ဆိုတာ သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ဂွေးတောက်ရွက်ဟာ ဝမ်းမီးကို ကောင်းစေပြီး အစာကြေလွယ်စေပါတယ်။ အမျိုးသားတွေ အတွက် ဒူလာကောင်းပြီ အမျိုးသမီးတွေ အတွက် သွေးသား မှန်ကန်စေပါတယ်။ လေအောင့်လေထိုး ကောင်းမွန်စေတဲ့ အပြင် အရက်ကြာရှည်စွာ သောက်သုံးသူတွေကိုဂွေးတောက်ရွက်နဲ့ ကြက်ရိုး ဟင်းချိုနဲ့ ကိုယ်အအတွင်းမှာ ရှိတဲ့ အဆိပ် အတောက်တွေကို ပြေပျောက်စေပါတယ်။ ဒါကြောင့် တစ်ချို့ အရက်ဆိုင်တွေမှာဆို ကြက်ဂွေးကို တမင် မှာသောက်ကြတာ နေမယ်

P1010278

ဂွေးတောက်ရွက်ရဲ့ ခါးသက်သက် အရသာဟာ ခံတွင်းကို မြိန်စေတာတော့ အမှန်ပါပဲ။ ဂွေးတောက်ရွက်ကို ပြုတ်ပြီး တို့စရာ အနေနဲ့ စားလို့ ရသလို ဂွေးတောက်ရွက်ကို ကြက်ဥနဲ့ ကြော်စားလို့လည်း ရပါတယ်။  ဂွေးတောက်ရွက်နဲ့ ကြက်ရိုးး ဟင်းချိုမှာ အဓိက ပါဝင်တာကတော့

  •  ကြက်ရိုး
  •  ဂွေးတောက်ရွက်
  • ဂျင်း
  •  ကြက်သွန်ဖြူ
  •  ကြက်သွန်နီ
  • ဆား
  • ဟင်းခတ်မှုန့် တို့ ဖြစ်ပြီး ရိုးရှင်းတဲ့ ဟင်းချို တစ်ခွက်ပါ။

ကြက်သားထက် ကြက်ရိုးနဲ့ ချက်တာဟာ ပိုချိုစေပြီး ကြက်ရိုးလေးပါ ကိုက်လို့ ကောင်းအောင်ပါ။ ကြက်ရိုးတွေကို ရေဆေးပြီး ဂျင်း၊ ကြက်သွန်ဖြူတွေနဲ့ အရင် ပြုတ်ထားရပါတယ်။ အရိုးကို နူးလာအောင် ပြုတ်ပေးပါ။ အရိုးနူးလာရင် ကြက်သွန်နီကို လေးစိပ်ခြမ်းပြီး အဖတ်လေးတွေ ခွာထားပါ။ အပေါ့အငံ မြည်းပြီး ခဏ မီးပိတ်ထားပါ။ ဂွေးတောက်ရွက်ကို အရွယ်တော် လှီးပြီး ဆားနဲ့ နယ်ပြီး ရေဆေးပါ။ အခါးပိုသက်သာအောင် ဆားနဲ့ နယ်ပြီး အခါးရည်တွေကို ညှစ်ချပစ်ပါ။ အရွက်ကို စိမ်းစိမ်းလေး စားချင်ရင်တော့ သောက်ခါနီးမှ ကြက်ပြုတ်ရည်ကို ပြန်နွှေးပြီး အရွက်ခတ်သောက်ရင် စိမ်းစိမ်းလေးနဲ့ အရသာ ရှိတဲ့ ဟင်းချို တစ်ခွက်ရပါပြီ။

Photo Credit: lulucooking