အခုနောက်ပိုင်း Detox Drink တွေ Detox Water တွေကို လုပ်ပြီး သောက်လာကြပါတယ်။ အထူးသဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေဖယ်ရှားဖို့၊ အစာခြေစနစ်ကောင်းမွန်ပြီး ဆီးမှန်ဝမ်းမှန်ဖို့၊ အသားအရေကောင်းဖို့နဲ့ အဆီပိုတွေကျဖို့ သောက်သုံးလာကြပါတယ်။

ဒီတစ်ခေါက်မှာလည်း ဝမ်းဗိုက်က အဆီတွေကို ကျစေမယ့် Detox Water လုပ်နည်းတစ်ခုကိုဝေမျှချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေခဲရေ 0.7 လီတာ
  • သခွားသီး၁လုံးကို အဝိုင်းလေးတွေ လှီးပါ

  • ပူစီနံ ရွက်အနည်းငယ်

  • သံပုရာသီး တစ်ခြမ်း
  • လိမ္မော်သီး ၁လုံးရဲ့ ၄ ပုံ ၁ပုံ

ပါဝင်ပစ္စည်းတွေကို အားလုံးရေခဲရေထဲ စိမ်ထားပြီး သောက်ပါ။

ပူစီနံရွက်က အစာခြေစနစ်ကို ထောက်ပံ့ပေးပါတယ်။ သခွားသီးက ရောင်ရမ်းမှုတွေကို လျော့ချနိုင်ပြီး လိမ္မော်သီး ဖျော်ရည်က ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပြီး ကိုလက်စထရောကို လျော့ချပေးပါတယ်။

သံပုရာသီးက အစာခြေစနစ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒီ Detox Water ဟာ ဝမ်းဗိုက်မှာရှိနေတဲ့ အဆီပိုတွေကို ဖယ်ရှားပေးမှာပါ။

Featured Image Source: Verywell Fit