အထွေထွေ ဗဟုသုတ - General Knowledge

ကိုယ်ဝန်ဆောင်တွေ အတွက် ကျန်းမာစေမယ့် စူပါ အစားအစာ ၁၀မျိုး

April 13, 2016

ကိုယ်ဝန်ဆောင်တွေ အတွက် ကျန်းမာစေမယ့် စူပါ အစားအစာ ၁၀မျိုး

Share this on:

ကိုယ်ဝန်ဆောင် ဘ၀ဆိုတာက စုံတွဲတွေ အတွက် အဓိပ္ပါယ်ရှိပြီး လှပတဲ့ အခိုက်အတံ့လေးပါပဲ။ အမေဖြစ်တော့မယ့် အမျိုးသမီးကလည်း ရင်ခုန်စိတ်လှုပ်ရှားရသလို အဖေဖြစ်တော့မယ့် အမျိုးသားကလည်း စိတ်လှုပ်ရှားမှုတွေ အပြည့်နဲ့ ကာလလေးပါ။ ကိုယ်ဝန်ဆောင်နေစဉ် ၉လ အတွင်းမှာတော့ အမေရော အဖေကိုပါ သင်ယူစရာတွေ အပြည့်နဲ့ ဖြတ်သန်းရတဲ့ ခရီးလေး တစ်ခုပါပဲ။ ကျန်းမာဖို့ နေထိုင်အားထုတ်ရသလို အစားအသောက်ကိုလည်း အမေရော ကလေးပါ ကျန်းမာဖို့အတွက် စဉ်းစား ရွေးချယ် စားသုံးပေးကြပါတယ်။ ကလေးကို ချစ်တဲ့ စိတ်နဲ့ပဲ တချို့ ကလေးအမေအလောင်းအလျာတွေဟာ ကိုယ်မကြိုက်တဲ့ အစားအစာတွေကိုတောင် ကြိတ်မှိတ်ပြီး စားကြပါတယ်။ အံ့သြဖွယ် မိဘမေတ္တာပါပဲ။

၉လအတွင်းမှာ မရှိမဖြစ် လိုအပ်တဲ့ အာဟာရတွေကို လေ့လာကြရသလို ကလေးငယ်လေး ကြီးထွားဖို့၊ အထဲမှာ ကျန်းမာစွာ နေနိုင်ဖို့၊ မွေးဖွားတဲ့အချိန် လွယ်ကူဖို့ အစရှိသဖြင့် အကြောင်းပြချက်ပေါင်း များစွာနဲ့ အတူ အစားအစာတွေကို ရွေးချယ်စားသောက်ကြပါတယ်။ အခုတော့ ကိုယ်ဝန်ဆောင်တွေအတွက် အထောက်အကူ ဖြစ်စေမယ့် အစားအစာ ၁၀မျိုးကို ဝေမျှပေးချင်ပါတယ်။

apricots

၁။ တရုတ်ဇီးသီးခြောက် (မက်မွန်သီးနဲ့ ဆင်သည်)
ကိုယ်ဝန်ဆောင်တွေ အတွက် သရေစာ အဖြစ်စားဖို့ သင့်တော်တဲ့ တစ်ခုပါ။ သူ့အသီးမှာ သံဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့ အတွက် နေ့စဉ်လိုအပ်တဲ့ သံဓာတ်ရဲ့ ၁၀ရာခိုင်နှုန်းကို ဒီ သရေစာက ပေးပါတယ်။ ဒါ့အပြင် ဖော့လစ်အက်ဆစ်၊ မက်ကနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ ကယ်လ်ဆီယမ်တို့လည်း ပါဝင်ပြီး ကိုယ်ဝန်ဆောင်တွေ ဖြစ်တတ်တဲ့ ခံတွင်းပျက်တာကိုလည်း သက်သာစေပါတယ်။

၂။ ငှက်ပျောသီး
ငှက်ပျောသီးဟာ ကိုယ်ဝန်ဆောင်နေစဉ်အချိန်အတွင်း အလိုအပ်ဆုံး စွမ်းအင်တွေကို ပေးပါတယ်။ ပိုတက်ဆီယမ်နဲ့ ရေဓာတ်တွေ အချိုးကျစွာ ပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်တွေ နှစ်ကြိုက်စွာ အိပ်ပျော်စေဖို့ အကူအညီပေးပါတယ်။

၃။ နို့နဲ့ နို့ထွက်ပစ္စည်းများ
ကယ်လ်ဆီယမ်ဟာ ကိုယ်ဝန်ဆောင်တွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဒီဓာတ်ကို နွားနို့က ပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ နွားနို့တစ်ခွက် နေ့စဉ် သာက်ပေးဖို့ အရေးကြီးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နွားနို့အပြင် ချိစ်၊ ဒိန်ချဉ်နဲ့ ထောပတ်တွေကနေလည်း ရနိုင်ပါတယ်။

milk

၎။ ပဲပြား
ကိုယ်ဝန်ဆောင်တွေ အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်ဟာ အသားစားခြင်းကနေ ရရုံသာမက ပဲပြားကနေလည်း ရနိုင်ပါသေးတယ်။ သံဓာတ်၊ ကယ်လ်ဆီယမ်၊ မက်ကနီဆီယမ်၊ ဗီတာမင် အေနဲ့ ဗီတာမင် ကေ တို့လည်း ပါဝင်ပါသေးတယ်။ ဒါတွေက သွေးလည်ပတ်မှု ပုံမှန်ဖြစ်စေပြီး မွေးဖွားရ လွယ်ကူစေပါတယ်။

၅။ အာလူး
စွမ်းအင်တွေရဲ့ မူလဇစ်မြစ်ဖြစ်တဲ့ အာလူးမှာ ကယ်လ်ဆီယမ်၊ ဗီတာမင် စီနဲ့ ဘီတာကရိုတိန်းတို့ ပါဝင်ပါတယ်။ ဒါတွေကတော့ ကိုယ်ဝန်ဆောင်တွေရဲ့ မျက်လုံးနဲ့ အသားအရေအတွက် ကောင်းမွန်စေတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။

၆။ ပန်းပွင့်စိမ်း (Broccoli)
အသီးအရွက် တစ်မျိုးမျိုး စားဖို့ စဉ်းစားရင်တော့ ပန်းပွင့်စိမ်းကို အဓိကထား စားပေးဖို့ ကိုယ်ဝန်ဆောင်တွေကို အကြံပြုပါရစေ။ ဖောလစ်အက်ဆစ် ကြွယ်ဝပြီး မက်ကနီဆီယမ်နဲ့ ပိုတက်ဆီယမ်တို့ဟာလည်း အရိုးတွေ သန်မာစေဖို့ ကူညီပေးပါလိမ့်မယ်။

၇။ ကြက်ဥ
ကြက်ဥဟာ ကိုယ်ဝန်ဆောင်တွေအတွက် ကျန်းမာရေးနဲ့ အသင့်တော်ဆုံး အစားအစာဆိုတာ အားလုံးသိကြမှာပါ။ ပရိုတိန်းဓာတ်တွေ ကြွယ်ဝတဲ့အပြင် ကယ်လိုရီနည်းပြီး အိုမီဂါ ၃ လည်း ပါဝင်ပါတယ်။ ဖောလစ်အက်ဆစ်၊ ကလိုရင်းနဲ့ သံဓာတ်တွေရဲ့ မူလဇစ်မြစ်ဖြစ်လို့ ကလေးရော မိခင်ပါ ကျန်းမာစေပြီး မွေးဖွားတဲ့အခါ ဖြစ်တတ်တဲ့ ရောဂါတွေကိုလည်း ရှောင်ရှားပြီးသား ဖြစ်စေပါတယ်။

၈။ ကုလားပဲ
ကုလားပဲဟာ ပြုတ်စားရင်ပဲ  ဖြစ်ဖြစ် ချက်စားရင်ပဲဖြစ်ဖြစ် စားကောင်းတဲ့ ပဲတစ်မျိုးပါ။ ကလေးအတွက် သန်မာပြီး ကျန်းမာစေမယ့် ပဲပါ။

၉။ နေကြာစေ့
သရေစာ စားမယ်ဆိုရင်တော့ နေကြာစေ့ကို စားပေးပါ။ နေကြာစေ့မှာ အိုမီဂါ ၃၊ အိုမီဂါ ၆၊ မက်ကနီဆီယမ်၊ ဗီတာမင် အေ၊ ဘီ၊ ဒီ၊ အီးနဲ့ ကေ၊ သံဓာတ်၊ ပိုတက်ဆီယမ်၊ ဇင့်တို့ ပါဝင်ပြီး ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ကလေးငယ်အတွက် လိုအပ်တဲ့ ဓာတ်တွေကို နေကြာစေ့က ပေးတယ်လို့ အာဟာရပညာရှင်တွေက ဆိုပါတယ်။ အလွန်အကျွံမစားမိဖို့တော့ လိုပါတယ်။

၁၀။ ငါး
ငါးတွေကတော့ မတည့်တဲ့လူဆိုတာ မရှိပါဘူး။ အဓိက ကိုယ်ဝန်ဆောင်တွေ အတွက်ကတော့ ပိုလို့တောင် စားသုံးဖို့ သင့်တော်ပါတယ်။ ကလေးငယ်ရဲ့ သန်စွမ်းမှုနဲ့ အသားအရေအတွက် ငါးကို တစ်ပတ်မှာ နှစ်ကြိမ်စားပေးသင့်ပါတယ်။

Credit: New Delhi News

Review

User Rating

3.3 (14 Votes)