ကိုယ်ဝန်ဆောင်နေစဉ်မှာ ဝမ်းချုပ်တဲ့ အခါ သာမန်လူတွေကို ဝမ်းနုတ်ဆေးတွေ သုံးလို့ မရတတ်ပါဘူး။ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေကို သုံးစွဲတာမျိုးတော့ လုပ်လို့ရပါတယ်။ ဒါကြောင့် အစားအစာတွေနဲ့ ဝမ်းမှန်အောင် လုပ်တာဟာ အကောင်းဆုံး နည်းလမ်းပါပဲ။ ကိုယ်ဝန်ဆောင်စဉ်မှာ သုံးစွဲတဲ့ သံဓာတ်အားဆေးတွေကြောင့် ဝမ်းဟာချုပ်တတ်ပါတယ်။ လရင့်လေ သားအိမ်က အူကိုဖိထားတာကြောင့် ဝမ်းကိုချုပ်စေပါတယ်။

Pregnancy-Foods

ဝမ်းမှန်စေဖို့ စားသင့်တဲ့အစားအစာတွေကတော့ အမျှင်ဓာတ်များတဲ့ အစားအစာတွေကိုပါ။ တစ်နေ့ကို အမျှင်ဓာတ် ၂၈ဂရမ် ပါဝင်အောင် စားပေးရပါမယ်။ အသီးတွေထဲမှာတော့ ဘယ်ရီသီး၊ မက်မန်းသီး၊ ပန်းသစ်တော်သီး၊ သစ်တော်သီး၊ စတော်ဘယ်ရီသီး၊ ပန်းသီး၊ မန်ကျည်းသီး စတဲ့ အသီးတွေမှာ အမျှင်ဓာတ် များစွာ ပါဝင်ပါတယ်။ အကောင်းဆုံးကတော့ သစ်သီးတွေ စားပေးတာပါ။

ဟင်းသီးဟင်းရွက်တွေထဲမှာတော့ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ပဲပင်ပေါက်။ မုန်လာဥနီ၊ ဟင်းနုနွယ်ရွက် စတဲ့ အစိမ်းရင့်ရောင်၊ အနီရောင်၊ အဝါရောင် ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသင့်ပါတယ်။ ဒါ့အပြင် ပဲအမျိုးမျိုးကိုလည်း စားသင့်ပါတယ်။ ပဲတွေမှာ ပါတဲ့ အမျှင်ဓာတ်ဟာ သစ်သီးနဲ့အရွက်တွေထက် ၂ဆပို ပါဝင်ပါတယ်။

သရေစာတွေအဖြစ် စားတဲ့အခါ ဆီးသီးခြောက်၊ စပျစ်သီးခြောက်၊ မက်မန်းသီးခြောက်၊ စွန်ပလွန်သီးခြောက်တွေကို စားပေးပါက ဝမ်းပျော့ပျော့သွားစေပါတယ်။ အစေ့အဆန်တွေကိုလည်း စားပေးနိုင်ပါတယ်။ အာလူးနဲ့ ကန်စွန်းဥဟာလည်း အမျှင်ဓာတ် ရနိုင်တဲ့ အစားအစာတွေပါပဲ။ နောက်တစ်ချက်ကတော့ ရေများများ သောက်ပေးပါ။

ရှောင်ရှားသင့်တာကတော့ အဆီများတဲ့ အကြော်တွေကိုပါ။

Ref: goodhealth