ကိုရီးယား - Korean | ငါး - Fish | ဟင်း - Curry

ကိုရီးယားစတိုင် ငါးနှပ်နည်း

July 6, 2016

ကိုရီးယားစတိုင် ငါးနှပ်နည်း

Share this on:

ကိုရီးယားစတိုင် ငါးနှပ်နည်းကတော့ တစ်ယောက်နှင့်တစ်ယောက် တူမှာတော့ မဟုတ်ပါဘူး ။  အခုဖော်ပြမည့်နည်းကတော့ အရမ်းလွယ်ကူ ရိုးရှင်းပြီး အရသာအထူးကောင်းမွန်လှပါတယ်…..!

ကိုးရီးယားစတိုင် ငါးနှပ် ၁

ပါဝင်ပစ္စည်းများ

  • ငါး - ၁ ကောင် (တစ်ကီလိုခွဲ)
  • မုန်လာဥဖြူ - ၁ တောင့် (အသေး)
  • ဇူချီနီ Zucchini - ၁ တောင့် (အသေး)
  • ပဲပင်ပေါက် - အနည်းငယ်
  • ပဲပြား - ၁ တုံး
  • ကြက်သွန်နီ - ၁ လုံး
  • မှို - ၅၀ ဂရမ်
  • ကြက်သွန်မြိတ် - ၂ ပင်
  • ငရုပ်သီးအနီ + အစိမ်း - ၄ တောင့်
  • ကိုရီးယား ငရုပ်မှုန့် - ၃ ဇွန်း (စားပွဲတင်ဇွန်း)
  • ငါးငံပြာရည် - ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ပဲငံပြာရည်အကျဲ Soy Sauce - ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ကြက်သွန်ဖြူ - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ဆီ - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ရေ - ၉၅၀ မီလီလီတာ

ပြုလုပ်နည်း

  1. ကိုရီးယားစတိုင် Fish-Stew ပြုလုပ်ရာမှာ ဆီအများကြီး မသုံးရပါဘူး ။
  2. ချက်မည့်အိုးထဲသို့ အိုးမကပ်စေရန်အတွက် ဆီတစ်ဇွန်းထည့်ပြီး ဒယ်အိုးအောက်ချေတွင်ပြန့်သွားအောင်လုပ်လိုက်ပါ။
  3. မုန်လာဥဖြူကို မထူမပါး သင့်တော်သလို လှီးပြီး ဒယ်အိုး အောက်ခြေတွင် ဖြန့်ခင်းလိုက်ပါ ။
  4. မုန်လာဥပေါ်မှ ပဲပင်ပေါက် အနည်းငယ်ကို ဖြူးလိုက်ပါ (ပဲပင်ပေါက်ကို စွတ်ထဲထည့်သည့် ပဲပင်ပေါက်ခေါင်းကြီးကိုအသုံးပြုရပါမည်။)
  5. ပဲပင်ပေါက် ပေါ်တွင် ငါးကို အသင့်အနေအထား တုံးပြီး ရေစင်အောင် ဆေး၍ ဖြန့်ခင်းပေးပါ ။
  6. ငါးကို ပုံတွင်ပြထားသည့် Cod Fish (သို့) အခြား အဆင်ပြေသည့် အနံ့ အရမ်းမပြင်းသည့် ငါး အသုံးပြုလို့ရပါတယ် ။
  7. ငါးအပေါ်တွင် ကြက်သွန်နီကို ခပ်ထူထူ လှီးထည့်ပါ ။ ဇူချီနီ Zucchini လှီးထည့်ပါ ။ မှိုထည့်ပါ ။
  8. ကြက်သွန်မြိတ် ၊ ငရုပ်သီးစိမ်း လှီးထည့်ပါ ။ ပဲပြား လှီးထည့်ပါ ။
  9. ငရုပ်သီးမှုန့် ၊ ငံပြာရည် ၊ ကြက်သွန်ဖြူ စသောပါဝင် ပစ္စည်းအားလုံး ထည့်ပြီးလျှင် ရေ ၉၅၀ (မီလီလီတာ) ငါးရေမြုပ်ရုံ အသာလောင်းထည့်ပြီး မီဖိုပေါ်တင်၍ တည်ထားပါ ။
  10. ၁၅ မိနစ်ခန့် တည်ထားရပါမည် ။ အရမ်းမမွှေရပါဘူး ဒယ်အိုးကို ဟိုဘက်ဒီဘက် အသာအယာ လှုပ်ပေးရုံပဲ လုပ်ပေးပါ ။
  11. ဟင်းရည် ပွက်လာပါက အပေါ့အငံ မြည်းပြီး လိုအပ်ပါက ထပ်ထည့်ပါ ။
  12. အစပ်အရသာ ကြိုက်ပါက ငရုပ်သီးစပ်စပ် လေးထည့်နိုင်ပါတယ် ။ အရသာ သင့်တော်ပါလျှင် မီးပိတ်ချပြီး သုံးဆောင်နိုင်ပါပြီ ။
ကျေးဇူးတင်ပါသည် ။

Credit: ဇွဲသုသု

Review

User Rating

3.3 (4 Votes)