ကိုရီးယားချစ်သူများအားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ကိုရီးယားအစားအစာလေးတွေ လိုက်လံချက်ကြည့်ရတာကို ဝါသနာပါပြီး စားသောက်ရတာကို နှစ်သက်သူတွေအတွက် တော့ပိုကီချက်နည်းလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အစပ်မစားနိုင်တဲ့သူတွေအတွက် ပဲငံပြာရည်နဲ့ချက်ပေးမှာဆိုတော့ ကလေးတွေလည်းကြိုက်ပြီပေါ့။

ပါဝင်ပစ္စည်းများ

  • ဆန်ချောင်း (Rice Cake)
  • အမဲသား
  • ပဲငံပြာရည် အကြည်
  • ကြက်သွန်ဖြူ
  • ပျားရည်
  • ငရုပ်ကောင်းမှုန့်
  • ဆီ
  • နှမ်းဆီ
  • နှမ်း
  • ကြက်ဥ
  • ကြက်သွန်နီ
  • မှိုဖြူ
  • မုန်လာဥနီ
  • ငရုပ်ပွအနီ + အစိမ်း
  • ကြက်သွန်မြိတ်

ပြုလုပ်နည်း

ပုံတွင် ပြထားသည့်အတိုင်း တစ်ပွဲစာ ပြုလုပ်နည်းကိုေ ပြာပြပါ့မယ်။ ပထမဆုံး အမဲသား(၁၀၀ ဂရမ်) ခန့်ကို ခပ်ပါးပါးလေး လှီးပါ။

အမဲသားထဲသို့ ကြက်သွန်ဖြူ တစ်မွှာကို နုပ်နုပ်စဉ်းပြီး ထည့်ပါ။ ပဲငံပြာရည် အကြည် ဇွန်းဝက်(လက်ဖက်ရည်ဇွန်း)၊ ပျားရည် ဇွန်းဝက်(လက်ဖက်ရည်ဇွန်း)၊ ငရုပ်ကောင်းမှုန့် နှင့် နှမ်းဆီ အနည်းငယ် ထည့်ပြီး နှံ့အောင်နှယ်၍ နှပ်ထားပါ။

ကြက်ဥနှစ်လုံးကို ဖောက်ပြီး အဝါရောင် အနှစ် ၂လုံးကို သာယူပြီး ကြက်ဥ အကာ အရည်များကို ဖယ်ထုတ်ပါ။ အဝါရောင် အနှစ်ထဲသို့ ဆား အနည်းငယ်မျှ ထည့်ပြီး နာနာ ခလောက်ပါ။

ဒယ်အိုးကို ဆီ အနည်းငယ် သုတ်၍ မီးကို တစ်ဝက်ချကာ ကြက်ဥအနှစ်ကို အချပ်လိုက် ကြော်ပါ။ ထို့နောက် အအေးခံပြီး ပါးပါးလေးတွေ လှီးထားပါ။ (တော့ပူကီ အပေါ်တွင် ဖြူးပြီး အလှဆင်ရန် ဖြစ်ပါသည်။)

ပါဝင်ပစ္စည်းများ ဖြစ်ကြသည့် အသီးအနှံများကို ပုံတွင် ပြထားသည့် အတိုင်း အရွယ်အစား တူညီ ညာစွာ အသင့် လှီးထားပါ။ ဒယ်အိုးထဲသို့ ဆီအနည်းငယ် မျှထည့်ပြီး အရသာ နယ်ထားသော အမဲသားကို ထည့်ကြော်ပါ။

ပြီးနောက် အသင့်လှီးထားသည့် အသီးအနှံများ အားလုံးထည့်ပါ။ မီးကို တစ်ဝက်ချပြီး တော့ပူကီဆန်ချောင်း(၄၅၀ ဂရမ်) ထည့်ပါ။(ဆန်ချောင်းလေးများကို မချက်ခင် ထဲက အနည်းငယ် ပျော့သွားစေရန် ရေစိမ်ထားရန် လိုပါသည်။) ရေ အနည်းငယ်မျှ ထည့်ပေးပါ။

ထို့နောက် ပဲငံပြာရည် အကြည် ၁ဇွန်း(စားပွဲတင်ဇွန်း)၊ ပျားရည် ၁ ဇွန်း(စားပွဲတင်ဇွန်း) ထည့်ပါ။ ပျားရည်မရှိပါက ပျားရည်အစား သကြား ၁ ဇွန်း ထည့်လို့ရပါသည်။

ငရုပ်ကောင်းမှုန့် အနည်းငယ် နှမ်းဆီ အနည်းငယ်မျှ ဆမ်းပြီး အပေါ့အငံ မြည်း၍ နှမ်းဖြူး ကာချပါ။ ထို့နောက် ပန်းကန် တစ်ခု ထဲသို့ထည့်၍ အပေါ်တွင် အသင့် လှီးထားသည့် ကြက်ဥ အနှစ်ကြော် လေးဖြူးပြီး အသင့် စားသုံး နိုင်ပါသည်။ (အစပ် မစားနိုင်သူများ အတွက် ကိုရီးယားစတိုင် Soy-sauce တော့ပူကီ အချို ဖြစ်ပါသည်။)

Credit: ဇွဲသုသု