Recipes

ကိုရီးယား ထမင်းသုတ် (Bibimbap)

December 30, 2015

ကိုရီးယား ထမင်းသုတ် (Bibimbap)

Share this on:

ပါဝင်သော ပစ္စည်းများ

  • ဟင်းနုနွယ် ၁စည်း
  • မုန်လာဥနီ ၁လုံး
  • ငရုတ်ပွဝါ ၁လုံး
  • ပဲပင်ပေါက် ၅ကျပ်သား
  • ရှီတာကီမို ၃ပွင့်
  • သခွားသီး ၁လုံး
  • ကြက်သား ၂၀သား
  • ရေညှိ ၁ရွက်
  • ဆား အနည်းငယ်
  • ကြက်ဥ ၃လုံး
  • နှမ်းဖြူ/နှမ်းမဲ အနည်းငယ်
  • ပဲငံပြာရည်အကြည်
  • ဆီ
  • နှမ်းဆီမွှေး
  • ငရုတ်နှစ်
  • သကြား
  • ဆန်ဗီနီကာ (Seasoned Rice Vinegar)

ပြုလုပ်နည်း

  1. ကြက်သားကို ပါးပါးလှီး ဆား၊ သကြား၊ ပဲအကြည်ရည်၊ ဆီမွှေးတို့နှင့် နယ်ပြီး ခဏနှပ်ကာ ကြက်သွန်ဖြူထောင်းဆီ အနည်းငယ်ဖြင့် ကြော်ထားပါ။
  2. ပဲပင်ပေါက်၊ ဟင်းနုနွယ်ကို ရေနွေးဖျောပြီး ရေအေးစိမ် ရေစစ်ကာ၊ ဆား၊ နှမ်းဆီမွှေး တို့နှင့် နယ်ထားပါ။
  3. ကျန်အသီးအရွက်များကို အနေတော် လှီးဖြတ်၍ ဆီအနည်းငယ် ဖြင့်ဆားထည့်ကာ ၂မိနစ်ခန့် ကြော်ထားပါ။
  4. ရှီတာကီမိုကို ရေစိမ် ပါးပါးလှီးပြီး ကြက်သွန်နီ ခပ်ကြမ်းကြမ်းလှီး၊ ပဲငံပြာရည်နှင့် ကြော်ထားပါ။
  5. ကိုရီးယား ငရုတ်နှစ် ထဲသို့ ပဲငံပြာရည်၊ ဆန်ဗီနီကာ၊ နှမ်းထည့် မွှေထားပါ။
  6. ရေညှိကို မျှင်မျှင် ဖြတ်ထားပါ။
  7. အားလုံး အဆင်သင့် ဖြစ်လျှင် ထမင်းပူပူပေါ် ကြက်သား၊ အသီးအရွက်၊ ရေညှိများ တင်ပါ။
  8. ကြက်ဥကို အကာ ကျက်ကြော် ထည့်ပါ။ ငရုတ်နှစ် နှမ်းဆီမွှေး ထည့်ပါ။
  9. နုံ့အောင်မွှေပြီး နှမ်းဖြူးကာ ရပါပြီ။
Credit: ချက်ကြည့်ကြစို့