အားလုံးပဲ မင်္ဂလာပါ။ တခါတလေ ကိုရီးယားတွေကြည့်တဲ့အခါ ဖရဲသီးထဲကို ဆိုဂျူတွေထည့်ပြီးသောက်ကြတာကို မြင်ဖူးကြမှာပါ။ ဒါကြောင့် သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး စုပြီးမုန့်စားတဲ့အခါဖြစ်စေ၊ ခရီးထွက်တဲ့အခါမှာဖြစ်စေ သောက်သုံးနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ဖရဲသီးခပ်သေးသေး – ၁ လုံး
  • Soju (ဆိုဂျူး) – ၁ လုံး
  • ရေခဲ (Ice Cubes) – ၁ ခွက်
  • သကြား – (အနည်းငယ်)
  • သံပုရာသီးစိပ် – ၁ စိပ်

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဆုံး ဖရဲသီးတစ်လုံးကို ထိပ်မှအနေတော်လှီးလိုက်ပါ ။  အထဲကအသားများကို ဇွန်းဖြင့်ခြစ်ပြီး   မွှေ့စက် (Blender) ထဲ ထည့်မွှေကာ   ဇကာဖြင့်စစ်ပြီး ဇလုံတစ်ခုထဲသို့ လောင်းထည့်ပါ ။ အပေါ်တွင် တက်နေသော အမြှုပ်များကို ဇွန်းဖြင့် အသာလေး ခပ်ထုတ်ပါ ။
  2. ဖရဲသီးအရည်ခွက်ဖြင့် ၂-ခွက်ထဲသို့ ဆိုဂျူး ၂-ခွက်ရောပါ ။  ရေခဲ ၁-ခွက်ထည့်ပါ ။  သကြားအနည်းငယ် ထည့်ပြီး အသာမွှေပါ။ သံပုရာသီး တစ်စိပ်ညှစ်ထည့်ပါ ။
  3. Cocktail ဖျော်ရည်ကို ဖရဲသီးအခွံထဲသို့ ပြန်လောင်းထည့်ပြီး အလှဆင်ကာ ပိုက်လေးထည့်ပြီး စုတ်သောက်လိုက်သောအခါ ရီဝေဝေ ကိုယ့်ခေါင်းထဲမှာ ချာချာလည်နေတယ်ပေါ့ ။

Credit: ဇွဲသုသု