ပင်လယ်စာ - Sea Food | အကင် - Grilled | ပြည်ကြီးငါး - Squid

ကိုရီးယား Spicy Grilled Squid (ပြည်ကြီးငါး အစပ်) ကင်

April 25, 2016

ကိုရီးယား Spicy Grilled Squid (ပြည်ကြီးငါး အစပ်) ကင်

Share this on:

ပါဝင်ပစ္စည်းများ

  • ပြည်ကြီးငါးအကြီး - ၁ ကောင်
  • ကြက်သွန်ဖြူ - ၂ မွှာ
  • ဂျင်း - လက်တစ်ဆစ်ခန့်
  • ငရုပ်အစပ်အနှစ် - ၃ ဇွန်း (စားပွဲတင်ဇွန်း)
  • ပြားရည် - ၃ ဇွန်း (စားပွဲတင်ဇွန်း)
  • Honey Mustard Sauce - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ငံပြာရည် (Soy Sauce) - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ကြက်သွန်မြိတ် - (အနည်းငယ်)

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဆုံး ပြည်ကြီးငါး အကောင်လိုက်ကို ဝပ်းဗိုက်ထဲမှ အစာအိမ်နှင့် အညစ်အကြေးများ တစ်ပါထဲ ပါလာစေရန် ခေါင်းကနေ အသာဆွဲထုတ်ပါ ။ ခန္ဓာကိုယ် ဗိုက်ထဲသို့ ဇွန်းဖြင့် အသာခြစ်ပြီး သန့်ရှင်းရေး ပြုလုပ်ကာ ဆား အနည်းငယ်ဖြင့် ဖျော်ထားသောရေဖြင့် စိမ်ထားပါ ။ ခေါင်းဖြင့်အတူပါသွားသော အစာအိမ်ကို လွှင့်ပြစ်၍ ခေါင်းမှ မျက်စိနှစ်လုံးနှင့် ပါးစပ်အလုံး တစ်လုံးတို့အား ဖယ်ထုတ်ကာ ဆားရေဖြင့်ေ ပြောင်အောင်ဆေးပါ ။ ပြီးနောက် ရေဖြင့် ထပ်ဆေး၍ ဇကာဖြင့် ရေစစ်ထားပါ ။ ထို့နောက် ပြည်ကြီးငါးကို လှအောင် ပုံဖော်ပြီး လှီးပါ ။
  2. ပြည်ကြီးငါးကို ပုံဖော်ပြီး လှီးရာတွင် ပုံတွင် ပြထားသည့် အတိုင်း ပြည်ကြီးငါး ကိုယ်ထည်၏ တစ်ဖက် တစ်ချက်ဆီတွင် ဝါးတူ တစ်ချောင်းဆီ ထားပြီး ဓားဖြင့် သင့်တော်သော အကွာအဝေး အတိုင်း လှီးပါ ။ ဝါးတူ ခံထားခြင်းမှာ ပြည်ကြီးငါး ၏ အောက်ဘက် ကိုယ်ထည်အား ပြတ်ထွက်မသွားစေရန် ဖြစ်ပါသည် ။ အပေါ်ပိုင်း ကိုသာ အလှ လှီးခြင်း ဖြစ်ပါသည် ။
  3. ထို့နောက် ဆော့ပြု လုပ်ရန်အတွက် ပန်ကန်လုံး တစ်ခုထဲတွင် ပါဝင် ပစ္စည်းများ ဖြစ်ကြသည့် (ငရုပ်အစပ်နှစ် ၊ ပျားရည် ၊ Honey Mustard Sauce ၊ ငံပြာရည်) တို့ကို ပါဝင် အချိုးအစား အတိုင်း ထည့်ပါ ။ ကြက်သွန်ဖြူ နှင့် ဂျင်းကို နုပ်နုပ် စဉ်းကာ ပါဝင် ပစ္စည်း အားလုံးကို ရောမွှေပြီး ဆော့ပြု လုပ်ထားပါ ။
  4. အလှ လှီးထားသည့် ပြည်ကြီးငါးကို ဆီ အနည်းငယ် သုတ်ထားသည့် ဒယ်အိုးထဲသို့ ထည့်ကာ အပူပေး၍ ကင်ပေးပါ ။ ကင်နေစဉ်အတွင်း ဖျော်ထားသည့် ဆော့ကို အပေါ်မှ များများသုတ်ပေးပါ ။ ပြည်ကြီးငါးကို အကြာကြီး မကင်ရပါဘူး ။ အကြာကြီး ကင်ပါက မာသွားပါလိမ့်မည် ။ အများဆုံး တစ်ဖက်ကို ၅ မိနစ်ခန့်သာ ကင်ရပါသည် ။
  5. ထို့နောက် ပန်ကန်ထဲတွင် အောက်ခံ အရွက်ခင်း၍ (အောက်ခံအရွက်ကို ဆလက်ရွက်ဖြစ်စေ ၊ ပဲပင်ပေါက်နှင့် ကြက်သွန်မြိတ် ရော၍ဖြစ်စေ မိမိကြိုက်ရာ ခင်းလို့ရပါသည်။) အရွက်ခင်းကာ ပြည်ကြီးငါးကင်ကို လှပအောင် ထည့်၍ အပေါ်တွင် ဆော့ လက်ကျန်များ အားလုံးလောင်း ထည့်ကာ အရသာ ရှိစွာဖြင့် အသင့် စားသုံးနိုင်ပါသည် ။
Credit: ဇွဲသုသု

Review

User Rating

1 (1 Votes)