အောက်တိုဘာလမှာ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သစ်သီးဝလံ အများစုကို ဝေဝေဆာဆာ တွေ့ရပါတယ် ။ ဒီရာသီမှာ တွေ့ရတဲ့ သစ်သီးဝလံတွေ အနက် ကိုလက်စထရောကို လျော့ကျစေ ပြီး အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အောက်ပါ သစ်သီး သုံးမျိုးအကြောင်းကို ဖော်ပြလိုက်ပါတယ် ။

ပန်းသီး – ကိုလက်စထရော ကျစေခြင်း

ပန်းသီးတစ်လုံးမှာ ပျမ်းမျှအားဖြင့် ၉၅ ကယ်လိုရီခန့်နဲ့ အမျှင်ဓာတ် လေးဂ ရမ် ပါဝင်ပါတယ်။ ပန်းသီးမှာ ပါဝင်တဲ့ ပက်တင်က ပျော်ဝင်တဲ့ အမျှင်ဓာတ် ဖြစ် ပြီး သွေးတွင်း ကိုလက်စထရောကို လျော့ ကျစေကာ သွေးတွင်း သကြားဓာတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ် ။ အကောင်းဆုံး ကျန်းမာရေး အကျိုးကျေးဇူး ရရှိဖို့ ပန်း သီးစားရင် အခွံကိုပါ စားသင့်ပါတယ် ။ ပန်းသီးမှာ ပါတဲ့ အမျှင်ဓာတ်က အစာစား ရာမှာ စိတ်ကျေနပ်မှု ပြည့်ဝစေပါတယ် ။

ရွှေဖရုံသီး – ကင်ဆာတွန်းလှန်နိုင်ခြင်း

တခြား စားသင့်တဲ့ သစ်သီးက တောက်ပတဲ့ လိမ္မော်ရောင် ရွှေဖရုံသီးပဲ ဖြစ်ပါတယ် ။ ရွှေဖရုံသီးမှာ ရောဂါကို တွန်းလှန်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ၊ ဗီတာမင်စီနဲ့ ဗီတာမင်အီး တို့ပါဝင်ပါတယ် ။ ရွှေဖရုံ သီးကို လိမ္မော်ရင့်ရောင် ဖြစ်စေတဲ့ ကာရို တီးနွိုက်ဟာ ကင်ဆာလို ရောဂါဝေဒနာ တွေကို တွန်းလှန်ပေးနိုင်စွမ်းရှိစေပါတယ် ။ ရွှေဖရုံသီးမှာ ဖိုင်တိုနျူးထရီးရန့် နှစ်မျိုး ပါဝင်တာကြောင့် ရွှေဖရုံယို ဒါမှမဟုတ် စွပ်ပြုတ်လုပ်ပြီး စားနိုင်ပါတယ် ။ ရွှေဖရုံ စေ့မှာ နှလုံးအကျိုးပြု အဆီဓာတ်၊ ဇင့် (သွပ်)၊ အမျှင်ဓာတ်၊ ဗီတာမင်အီး၊ မဂ္ဂ နီဆီယမ်နဲ့ သံဓာတ်တို့ ပါဝင်ပါတယ် ။ ဟင်းရွက်သုပ်၊ ဒိန်ချဉ်၊ စွပ်ပြုတ်တွေထဲ မှာ ရွှေဖရုံစေ့ကို ဖြူးပြီး စားနိုင်ပါတယ်။ ရွှေဖရုံစေ့ကို ရေခဲသေတ္တာထဲ ထည့်ပြီး သိမ်းထားရင် အာနိသင်ကို ထိန်းထားနိုင် ပါတယ် ။

သစ်တော်သီး – အင်တီအောက်ဆီးဒင့် ဂုဏ်သတ္တိရှိခြင်း

Asian Pear

အောက်တိုဘာလမှာ အရည်ရွှမ်း ပြီး ချိုမြိန်တဲ့ သစ်တော်သီးတွေကို အများ အပြား တွေ့ရပါတယ် ။ သစ်တော်သီးမှာ ကြေးနီ၊ ဗီတာမင်စီတို့ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကို ဖရီးရယ်ဒီကယ်ကြောင့် ထိ ခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါ တယ် ။ အင်တီအောက်ဆီးဒင့် အာနိသင် အပြည့်အဝ ရရှိစေဖို့ သစ်တော်သီး မှည့် ချိန်မှာ စားပါ ။ သစ်တော်သီးမှာ အမျှင် ဓာတ်ပါဝင်တာကြောင့် အူမကြီးနဲ့ နှလုံး သွေးကြောကျန်းမာရေးကို ကောင်းမွန် စေပါတယ် ။

Credit – ကြယ်စင်(Good Health)