Recipes | အကြော် - Fried

ကုလားပဲကြော်

February 5, 2016

ကုလားပဲကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • ဗမာကုလားပဲ - ၁ နို့ဆီဘူး
  • ပျဉ်တော်သိမ်ရွက်(ပါးပါးလှီး) - လက်တစ်ဆုပ်
  • ကြက်သွန်နီ အရွယ်တော် - ၅ လုံး
  • ငြုပ်သီးစိမ်း(ပါးပါးလှီး) -၁၀ တောင့်
  • ဆား (လက်ဖက်ရည်ဇွန်း) - ၂ ဇွန်း
  • ဂျင်း (ထောင်းထားပါ) - ၇ လွှာ
  • ကြော်ရန်ဆီ
  • ဖီးကြမ်း ငှက်ပျောသီး မှည့်မှည့် - အနည်းငယ်
  • မန်ကျည်းမှည့်နှစ် - ၃ ဟင်းစားဇွန်း
  • ထန်းလျက် - ၁ လက်ဖက်ရည်ဇွန်း
  • ဆား သင့်ရုံ
  • ငြုပ်သီးစိမ်း
  • နံနံပင် - သင့်ရုံ

ပြင်ဆင်ပြုလုပ်နည်း

  1. ကုလားပဲများကို ရေစင်အောင် ဆေးကာ ရေမြုပ်ရုံဖြင့် ၂ နာရီခန့် နူးလာအောင် စိမ်ထားပေးပြီး ရေစစ်ပြီး ငရုပ်ဆုံသို့ ကြိတ်စက်ဖြင့် ညက်အောင် ထောင်း၊ ကြိတ်ထားပြီး ဆား ၁ ၁/၂ ဇွန်း ဖြင့် နယ်ပေးပြီး ၁နာရီခန့် ထားပါ။
  2. ပျဉ်တော်သိမ် ကြက်သွန်နီ၊ ဂျင်း ၊ ငြုပ်သီး၊ ငှက်ပျောသီး၊ ဆား ၁/၂ ဇွန်း ဖြင့် သေချာ နယ်ပေးပြီး ဆီများများမှာ မီးပိတ်လိုက်၊ ပြန်ဖွင့်လိုက်လုပ်၍ တူးမသွားစေရန် သေချာ ကြော်ပေးပြီး ပဲအရသာစစ်စစ်၊ ဆော်ဒါမှုန့်၊အရသာမှုန့်များ သုံးရန် မလိုပဲ အရသာရှိ လှတဲ့ ကုလားပဲကြော် ပူပူလေးစားလို့ရပါပြီ။
  3. မန်ကျည်းမှည့် အချဉ် ပြုလုပ်ရန်။   ။  မန်ကျည်းမှည့်နှစ် ၃ ဟင်းစားဇွန်းကို ထန်းလျက် ၁ လက်ဖက်ရည်ဇွန်း ၊ဆား သင့်ရုံ၊  ငြုပ်သီးစိမ်းဝ နံနံပင်သင့်ရုံဖြင့် မွှေပေးပြီး အပေါ့အငံ စိတ် ကြိုက်ပြင်ပေးပါ။
Credit: Soe's Cooking Collection

Review

User Rating

3.3 (4 Votes)