ပဲ - Beans | အကြော် - Fried

ကုလားပဲကြော် မွမွလေး

April 26, 2016

ကုလားပဲကြော် မွမွလေး

Share this on:

ပါဝင်ပစ္စည်းများ

  • ဗမာကုလားပဲ - ၁ နို့ဆီဘူး
  • ပျဉ်တော်သိမ်ရွက် - လက်တစ်ဆုပ် (ပါးပါးလှီး)
  •  ကြက်သွန်နီ - ၅ လုံး (အရွယ်တော်)
  •  ငြုပ်သီးစိမ်း - ၁၀ တောင့် (ပါးပါးလှီး)
  • ဆား - ၂ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ဂျင်း - ၇လွှာ(ထောင်းထားပါ)
  • ဆီ (ကြော်ရန်)
  • ဖီးကြမ်း ငှက်ပျောသီး မှည့်မှည့်    အနည်းငယ်

ပြုလုပ်နည်း (ကုလားပဲကြော် )

  1. ကုလားပဲလေးများကို ရေစင်အောင် ဆေးကာ ရေမြုပ်ရုံဖြင့် ၂ နာရီခန့် နူးလာအောင် စိမ်ထားပေးပါ ။
  2. ရေစစ်ပြီး ငရုပ်ဆုံသို ကြိတ်စက်ဖြင့် ညက်အောင်ထောင်း ၊ ကြိတ်ထားပြီး ဆား ၁ ၁/၂ ဇွန်းဖြင့် နယ်ပေးပြီး ၁နာရီ      ခန့် ထားပေးပါ ။
  3. ပျဉ်တော်သိမ် ၊  ကြက်သွန်နီ ၊ ဂျင်း ၊  ငြုပ်သီး ၊  ငှက်ပျောသီး ၊  ဆား ၁/၂ ဇွန်း ဖြင့် သေချာ နယ်ပေးပြီး ၊ဆီများများမှာ မီးအသင့်တင့်ဖြင့် တူးမသွားစေရန် သေချာကြော်ပေးပြီး ပဲအရသာ စစ်စစ် ၊  ဆော်ဒါမှုန့် ၊အရသာမှုန့်များ သုံးရန် မလိုပဲ အရသာ ရှိလှတဲ့ ကုလားပဲကြော် ပူပူလေး စားလို့ရပါပြီ ။
ပါဝင်ပစ္စည်းများ (မန်ကျည်းမှည့်ချဉ် ပြုလုပ်ရန)်

  • မန်ကျည်းမှည့်နှစ်    ၃ ဇွန်း ( ဟင်းစားဇွန်း)
  • ထန်းလျက် ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
  • ဆား    သင့်ရုံ
  • ငြုပ်သီးစိမ်း
  • နံနံပင်

    ပြုလုပ်နည်း  (မန်ကျည်းမှည့်ချဉ် ပြုလုပ်ရန)်

    1. မန်ကျည်းမှည့်နှစ် ၃ဇွန်း ဟင်းစားဇွန်း ကို ထန်းလျက် ၁ လက်ဖက်ရည်ဇွန်း ၊ ဆား သင့်ရုံ ၊  ငြုပ်သီးစိမ်း နံနံပင် သင့်ရုံ ဖြင့် မွှေပေးပြီး အပေါ့ငံ စိတ်ကြိုက် ပြင်ပေးပါ ။

    Credit: Soe Cooking Collection
  • Review

    User Rating

    5 (1 Votes)