မထင်မှတ်ဘဲ မြင့်တက်လာတဲ့ အပူချိန်ကြောင့် ကျန်းမာရေး ပြဿနာတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ပူလောင်တဲ့ ရက်တွေမှာ ဘယ်လို အစားအသောက်မျိုးတွေကို စားရမလဲဆိုတာ ထပ်ပြီး မျှဝေချင်ပါတယ်။ အဓိကကတော့ ရေဓာတ်ဆုံးရှုံးပြီး ဖြစ်တဲ့ ကျန်းမာရေး ပြဿနာတွေ များပါတယ်။ အပူချိန်မြင့်ပြီး သွေးတိုးတာနဲ့ ခေါင်းကိုက်တာတွေကလည်း ဖြစ်တတ်ပါတယ်။

အခု မျှဝေမယ့် အစားအစာတွေကတော့ အပူလှိုင်းဒဏ်ကို ကာကွယ်ပေးပြီး သဘာဝအတိုင်း အေးမြနေစေဖို့ ကူညီပါလိမ့်မယ်။

၁။ အစိမ်းရောင် အသီးအရွက်များ

green_0

အစိမ်းရင့်ရင့် အသီးအရွက်တွေဟာ အေးမြစေဖို့ အဓိက အကြောင်းအရာတွေပါ။ ဒီအသီးအရွက်တွေမှာ ၈၀-၉၅ ရာခိုင်နှုန်း ရေဓာတ်ပါဝင်တဲ့ အတွက် အစာချေဖျက်မှု လွယ်ကူစေပြီး ရေဓာတ်ပြည့်ဝစေပါတယ်။ အပူများလို့ ထမင်းမစားချင်တဲ့ လူတွေ အတွက် အသီးအရွက်တွေကို သုပ်စား၊ ကြော်စားခြင်းဖြင့် ဗိုက်ပြည့်စေပြီး ရေဓာတ်ပြည့်စေပါတယ်။

၂။ ခရမ်းချဉ်သီး

tomatoes

Antioxidan Lycopene အမြင့်ဆုံး ပါဝင်တဲ့ အသီးတစ်မျိုးဟာ ခရမ်းချဉ်သီးပါ။ ရေဓာတ် ၉၄ % ပါဝင်ပြီး ခရမ်းချဉ်သီး အစိမ်းမှာ ရေဓာတ် ၉၃% ပါဝင်ပါတယ်။ ဒါကြောင့် ရေဓာတ်ပြန်လည် ပြည့်စေဖို့ ခရမ်းချဉ်သီးကို ဖျော်ရည်လုပ်သောက်ခြင်း၊ သုပ်စားခြင်းတို့ကို လုပ်ပေးနိုင်ပါတယ်။ ဗိုက်ပြည့်စေပြီး ခံတွင်းပျက်ခြင်းကနေလည်း ပြန်လည် ကောင်းမွန်လာစေပါတယ်။

၃။ သံပုယိုသီး

lemo

သံပုယိုသီးတွေဟာ ကောင်းမွန်တဲ့ အက်ဆစ်ဓာတ်ပြည့်ဝပြီး အရည်ရွှမ်းတဲ့ အသီးတစ်မျိုးဆိုတာ လူတိုင်း သိကြမှာပါ။ တစ်ကမ္ဘာလုံးက အသုံးပြုတဲ့ အသီးဖြစ်ပြီး ခန္ဓာကိုယ်ကို အေးမြပြီး လန်းဆန်းသွားစေဖို့ သူက တာဝန်ယူပါလိမ့်မယ်။

၄။ ဖရဲသီး

Watermelons

နွေရာသီမှာတော့ သူက ဘုရင်ပါ။ အရသာ ရှိတယ်၊ လန်းဆန်းတယ်၊ ရေငတ်ပြေတယ်ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ကျော်ကြားလှတဲ့ အသီးပါ။ နွေရာသီနဲ့ လိုက်ဖက်စွာပဲ ရာသီစာ သီးနှံဖြစ်တဲ့ အတွက် ပေါပေါများများ ဝယ်လို့ ရပြီး အလွယ်တကူလည်း ဝယ်ယူနိုင်ပါတယ်။ ရေဓာတ်ပါဝင်မှုနဲ့ လိုင်ကိုပိန်း ပါဝင်မှုတွေ အလွန်မြင့်မားတာကြောင့် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ရေဓာတ်ကို အလျင်အမြန် ဖြည့်ဆည်းပေးတဲ့ အတွက် စားပေးသင့်တဲ့ အသီးပါ။

၅။ အုန်းရေ

coconut water

အုန်းရေ သောက်ရင် အပူကန်လိမ့်မယ်လို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် သူ့မှာ အံ့သြဖွယ်ကောင်းတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိနေတာ တွေ့ရပါတယ်။ အထူးသဖြင့် အုန်းစိမ်းရေပါ။ မနက်စောစော သောက်ပေးရင် ကိုယ်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးပြီး  ကိုယ်တွင်းအေးမြ စေပါလိမ့်မယ်။

ဒါ့အပြင် ဒီအချက်လေးတွေကိုပါ လိုက်နာပြီး  ကျန်းမာရေးနဲ့ ညီညွှတ်တာတွေ စားသုံးပြီး အပူဒဏ်ကို တွန်းလှန်ကြပါစို့။
-နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ပါ။ နေ့လည် ၁၁ နာရီကနေ ညနေ ၃နာရီအတွင်း အပူဆုံး အချိန်တွေ ဖြစ်လို့ အပြင်မထွက်သင့်ပါဘူး။
– မလွှဲမရှောင်သာ အပြင်ထွက်ရမယ့်လူတွေကတော့ ထီး၊ ဦးထုပ်နဲ့ ချည်သားအကျီၤတွေကို ဝတ်ဆင်သင့်ပါတယ်။ နေလောင်ခံနိုင်တဲ့ ခရမ် တစ်မျိုးမျိုး လိမ်းရင်ဖြစ်ဖြစ် သနပ်ခါးထူထူ လိမ်းတာပဲ ဖြစ်ဖြစ် လုပ်ပါ။
– ဖြစ်နိုင်မယ်ဆိုရင် ရေခဲရေ မသောက်ဘဲ ရိုးရိုးရေသောက်ပါ။ များများ သောက်ပါ။ ရေငတ်နေရင်တောင်မှ ရိုးရိုးရေပဲ သောက်ပါ။ ဒါမှမဟုတ် ရေဓာတ်ပြန်ဖြည့်ပေးမယ့် ဓာတ်ဆားရည်၊ လီမွန်ရည်၊ နို့ရည် စသဖြင့် အရည်တွေကို သောက်ပါ။၏
– အရက်၊ ဘီယာ၊ ကော်ဖီနဲ့ လက်ဖက်ရည်တွေကို တတ်နိုင်သမျှ ရှောင်ပါ။ ခနာကိုယ်ထဲက ရေဓာတ်ကို စုပ်ယူသွားတဲ့ အတွက် ပိုပူပါတယ်။
– ပရိုတိန်းဓာတ် အများကြီး ပါတဲ့ အစားအစာတွေကို ရှောင်ပြီး အစာကို နည်းနည်းစီ စားပါ။

Credit: Zeenews