စားသောက်ဖွယ်ရာများအကြောင်း - Food Stories | အထွေထွေ ဗဟုသုတ - General Knowledge

ကျန်းမာရေးနဲ့ မညီညွှတ်ပေမယ့် သင် အမြဲ စားချင်နေတဲ့ အစားအစာ ၆မျိုး

March 13, 2016

ကျန်းမာရေးနဲ့ မညီညွှတ်ပေမယ့် သင် အမြဲ စားချင်နေတဲ့ အစားအစာ ၆မျိုး

Share this on:

သင်တို့ ရုပ်ရှင်ကြည့်တဲ့ အချိန်တွေမှာ ဘာတွေကို အများဆုံး စားဖြစ်ကြလဲ ? အိမ်မှာ ရုပ်ရှင်ကြည့်တဲ့ အချိန်ဖြစ်ဖြစ် ရုပ်ရှင်ရုံ သွားတဲ့ အချိန်ဖြစ်ဖြစ် ဘာတွေ စားကြသလဲဆိုတာ စိစစ်ကြည့်လိုက်တော့ အများဆုံးက ပြောင်းဖူးပေါက်ပေါက်တို့ အာလူးကြော်တို့ နေကြာစေ့တို့ ဖြစ်နေကြပါတယ်။ စားတဲ့လူက သင်တစ်ယောက်တည်းလားဆိုတော့ မဟုတ်ပါဘူး။ လူအများဆုံးက ဒီအစားအစာတွေ စားနေတဲ့ အချိန်ဆို စားလို့ စားမှန်းမသိနဲ့ စားနေတတ်ကြပါတယ်။ ဇာတ်လမ်းကို ကြည့်ရင်း ရယ်နေရင်း ဖြစ်ဖြစ် ငိုနေရင်းဖြစ်ဖြစ် ပါးစပ်ထဲကိုတော့ ဒီအစားအစာတွေကို ထည့်နေတတ်ပါတယ်။ ဒါဟာ သင်တစ်ယောက်တည်းလား ဆိုတော့ မဟုတ်ပါဘူး လူများစုဟာ ဒီလိုမျိုး ဖြစ်နေကြတာပါ။ ဘာကြောင့်လဲဆိုတော့ ဒီအစားအစာတွေမှာ သဘာဝရဲ့ အမျှင်ဓာတ်တွေကို လျော့ချထားပြီး ပရိုတင်းဓာတ်နည်းနည်းပဲ ပါဝင်အောင် လုပ်ထားပြီး ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ သကြားဓာတ်တွေကို များများ ထည့်ထားလို့ပါ။ ဒီမှာ ပါဝင်တဲ့ မကျန်းမာစေတဲ့ သကြားဓာတ်ရော weight တက်စေတဲ့ အရာတွေရော လူတွေကို ရစေတာဟာ မူးယစ်ဆေးဝါးတွေလိုပဲ ဦးနှောက်ကို ထုံမှိုင်းစေပြီး စားလို့ စားမှန်းမသိဘဲ ထပ် ထပ်စားချင်စိတ်ကို ဖြစ်နေတာပါ။ ဒါပေမယ့် လူတွေကတော့ ဒီအစားအစာတွေကို စားနေကြတုန်းပါပဲ။ ဒီအစားအစာတွေကတော့ ၆မျိုး ရှိပါတယ်။

 

၁။ ထောပတ်နဲ့ ကြော်ထားတဲ့ မြေပဲ
ထောပတ်နဲ့ ကြော်ထားတဲ့ မြေပဲကို တစ်ဇွန်းအပြည့် စားဖူးလား? ထောပတ်နဲ့ ကြော်ထားတဲ့ မြေပဲမှာ တခါတရံ သကြားနဲ့ဆားကို နည်းနည်းပိုထည့်ထားတတ်ပါတယ်။ ဒီနှစ်ခု ပေါင်းစပ်မှုဟာ ထပ် ထပ်ပြီး စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ သင်ဟာ ၀ိတ်ထိန်းနေသူဆိုရင်တော့ သဘာဝအတိုင်း ကြော်ထားတဲ့မြေပဲကိုပဲ စားဖို့ အကြံပေးပါရစေ။

 

၂။ Chips
Chips အများစုဟာ chemical တွေနဲ့ လုပ်ထားတဲ့ အရသာတွေ၊ ဆားတွေနဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အဆီတွေနဲ့ လုပ်ထားပြီး ကျန်းမာစေတဲ့ အမျှင်ဓာတ်ကတော့ နည်းနည်းပဲ ပါဝင်ပါတယ်။ အိမ်မှာ ကိုယ်တိုင်လုပ်စားမယ်ဆိုရင်တော့ အာဟာရနဲ့ ညီညွှတ်မျှတတဲ့ chips တွေကို ရနိုင်ပါတယ်။ ဆီတွေနဲ့ ဆားတွေကို ကိုယ်လိုသလို ထိန်းချုပ်ပြီး ထည့်နိုင်တဲ့ အတွက် မလိုအပ်ဘဲ အများကြီး စားမိနေတာကနေ ကာကွယ်ပေးပါလိမ့်မယ်။

 

၃။ ပြောင်းဖူးပေါက်ပေါက်
စ စားမိတာနဲ့ ရပ်လို့မရတဲ့ အစားအစာထဲမှာ သူက ထိပ်ဆုံးက ပါဝင်ပါတယ်။ လက်အပြည့်နဲ့ ထည့်ထားတဲ့ ပေါက်ပေါက်ဟာ လူသုံးယောက်စားဖို့အတွက် လုံလောက်ပါတယ်။ အကောင်းဆုံးကတော့ တစ်ယောက်စာ အထုပ်လေးတွေကိုပဲ စားပါ။

 

၎။ အာလူးချောင်းကြော်
အာလူးကြော်ဟာ ငံနေလိမ့်မယ်၊ အရမ်းကျွတ်နေလိမ့်မယ်၊ ဆီတွေ ၀နေလိမ့်မယ်၊ ဒါဆိုရင်တော့ ဒါကို ထပ်စားချင်စိတ် ဖြစ်ပေါ်နေလိမ့်မယ်။ အိမ်မှာ ကြော်မယ်ဆိုရင်တော့ ဆီစစ်ပြီး ကျန်းမာတဲ့ အာလူးချောင်းကြော်တွေဟာ ဒီလို အဖြစ်ကနေ ကာကွယ်ပေးပါလိမ့်မယ်။

 

၅။ Crackers
ခရက်ကာတွေဟာ အမျှင်ဓာတ်နည်းပြီး ပရိုတင်းဓာတ် အလွန်နည်းပါးလွန်းတဲ့ အစားအစာ တစ်မျိုး ဖြစ်ပါတယ်။ တစ်ခါတည်း အများကြီး စားလိုက်ဖို့ သိပ်မခက်တဲ့ အစားအစာပါ။

 

၆။ Nuts
အခွံမာသီးတွေဟာ ကျန်းမာရေး အတွက် ကောင်းတယ်ဆိုတာ သင်တို့ ကြားဖူးလိမ့်မယ်လို့ ထင်ပါတယ်။ သီဟိုဠ်စေ့တို့လို ဗာဒံစေ့တို့လို အစေ့အဆန်တွေဟာ ကျန်းမာရေးအတွက် သိပ်ကောင်းတဲ့ အခွံမာသီး အမျိုးအစားတွေပါ။ ဒါပေမယ့် TV ကြည့်နေရင်း တစ်ထိုင်တည်း တစ်ဘူးလုံး စားလိုက်တာမျိုးဆိုရင်တော့ ဒါဟာ ကြောက်စရာပါ။ အများကြီး မစားမိစေဖို့ တစ်ခါဝယ်ရင် အိတ်အသေးပဲ ၀ယ်စားရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။

Credit: www.prevention.com

Review

User Rating

0 (0 Votes)