ပါဝင်ပစ္စည်းများ

  • ခရမ်းကစော့သီး
  • ခရမ်းသီးရှည် ၁ လုံး
  • ပုဇွန်ခြောက်
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ငြုပ်သီးစိမ်း
  • ငါးပိစိမ်းစား အနည်းငယ်
  • ဆီ
  • နနွင်း

ပြုလုပ်နည်း

  1. ခရမ်းကစော့သီးကို စေးထွက်ရန်နှင့် မဲမသွားအောင် ထက်ခြမ်းခွဲပြီး ဆားရေ စိမ်ထားပါ။ ခရမ်းသီးရှည် ၁ လုံးကို ခပ်စိပ်စိပ် လှီးထားပါ ။ ပုဇွန်ခြောက် ၊ ကြက်သွန်ဖြူ ၊ ကြက်သွန်ဖြူနီ နှင့် ငြုပ်သီးစိမ်း တို့ကို ရောထောင်းပါ ။
  2. ငါးပိစိမ်းစား အနည်းငယ်ကို အရည်ဖျော် ထားပြီး ဆီကို နနွင်း အနည်းငယ် ထည့်၍ ပူလာလျှင် ထောင်းထားသော အရာများကို ဆီသတ်ပါ ။
  3. အစပ်မကြိုက်လျှင် ငြုပ်သီးစိမ်း မထည့်ပါနှင့်။ ဖျော်ထားသော စိမ်းစား ငါးပိ အရည် ထည့်၍ ခရမ်းသီးရှည် ထည့်ပါ ။ ရေအနည်း ငယ်ထည့်ပြီး ခဏ တည်ထားပါ ။
  4. အရသာအတွက် ဆား ၊ အသားမှုန့် နှင့် ငြုပ်ကောင်းမှုန့် အနည်းငယ် ထည့်ပြီး ခရမ်းသီးရှည် နူးလာလျှင် ကစော့သီးထည့်ပါ။ အချိန် အကြာကြီး ချက်စရာမလိုပါ ။ နူးလွယ်ပါသည် ။ အရသာ စိတ်ကြိုက်ဖြစ်ပြီး ဆီပြန်လာလျှင် ရပါပြီ ။
  5. ကင်ပွန်း ၊ ပဒတ်စာဟင်းချို ၊ ဆိတ်သားနှပ် ၊ တို့စရာများ နှင့် သခွားသီး ချိုချိုလေး တို့နဲ့လည်း လိုက်ဖက်ပါတယ် ။

Credit: Mi Shwe Kwett‎