ငရုတ်သီး - Chilli | ဟင်းသီးဟင်းရွက် - Vegetables | အသုပ် - Salad

ခရမ်းကဆော့သီး-မျှစ် နှင့် Thai Spicy Salad

May 3, 2016

ခရမ်းကဆော့သီး-မျှစ် နှင့် Thai Spicy Salad

Share this on:

ခရမ်းကဆော့သီး-မျှစ် နှင့် Thai Spicy Salad Dressing (Pea Eggplant Bamboo Shoot with Thai Spicy Salad Dressing)

ဒီအသီးစုံဟင်းက အရံဟင်းပွဲ အတွဲလေးဖြစ်ပေမယ့် အသီအနှံ့ကြိုက်နှစ်သက်သူများအတွက်ကတော့ ဟင်းပွဲကြီးတစ်ပွဲအနေနှင့် သုံးဆောင်လို့ ရပါတယ် ။  ထမင်း ပူပူနွေးနွေး လေးဖြင့် သုံးဆောင်လျှင် အင်မတန် လိုက်ဖက်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • အသီးအရွက်ဆီ - ၁ ဇွန်း (စားပွဲဇွန်း)
  • ကြက်သွန်ဖြူ - ၂ တက် (ခတ်ပါးပါး လှီးထားပါ)
  • ကြက်သွန်နီ - ၁ လုံး (ခတ်ပါးပါးလှီးထားပါ)
  • ခရမ်းကဆော့သီး - ၅၀ ဂရမ်
  • ရုံးပတီးသီး - ၁၆၀ ဂရမ် (လက်တစ်ဆစ်လောက်လေးတွေ လှီးထားပါ)
  • ခရမ်းသီး - ၂ လုံး (အတုံးသေးလေးတွေ တုံးထားပါ)
  • ပုဇွန်ဆိပ် - ၁၆၀ ဂရမ် (အခွံခွာပြီးသား)
  • ပုဇွန်ငါးပိစိမ်း - ၂ ဇွန်း (လက်ဖက်ဇွန်း)
  • နနွင်းမှုန့် - ၁/၂ ဇွန်း (လက်ဖက်ဇွန်း)
  • မျှစ် - ၁၆၀ ဂရမ် (အတုံးနေတော်တုံးထားပါ)
  • ဆား - ၁/၄ ဇွန်း လက်ဖက်ဇွန်း
  • နံနံပင် - ၂ ဇွန်း စားပွဲဇွန်း (ခတ်ကြမ်းကြမ်းလှီးထားပါ)
  • Thai Spicy Salad Dressing - ၃ ဇွန်း စားပွဲဇွန်း

ပြုလုပ်နည်း

  1. ပြုလုပ်နည်း
  2. အသီးအရွက်ဆီကို မကပ်သောအိုးထဲထည့်ပြီး အပူပေးပါ ။ ပြီးလျှင် နနွင်းမှုန့် ၊ ကြက်သွန်ဖြူ နှင့် ကြက်သွန်နီ ထည့်ပြီး မီအနေတော်ဖြင့် မိနစ်အနည်းငယ် ကြက်သွန်များ အညိုရောင်သန်းတဲ့အထိ ကြော်ပါ ။
  3. မီးလျှော့ပြီး ငါးပိစိမ်းစား ထည့်ပြီး အနည်းငယ်လုံးပါ ။ ပြီးလျှင် ပုဇွန်ဆိပ် ၊ ခရမ်းကဆော့သီး နှင့် မျှစ်ထည့်ပါ ။ Thai Spicy Salad Dressing နှင့် ရေအနည်းငယ်ထည့်ပြီး အနည်းငယ်နူးအိလာသည်အထိ တည်ပါ ။
  4. နံနံပင်ကလွဲလို့ ကျန်ပါဝင်ပစ္စည်းများ အားလုံးထပ်ထည့်ပါ ။ မီးကို အနေတော်ပြန်တင်ပြီး တည်ပါ ။
  5. အရည်ခမ်းပြီး ခြောက်လာလျှင် မီးပိတ်ပြီး နံနံပင်ဖြူးပါ ။ သုံးဆောင်ရန် ပုကန်ထဲ ထည့်ပြီး ထမင်းပူပူလေးဖြင့် သုံးဆောင်လို့ ရပါပြီး။
Credit: Syilwin Foodsgarden

Review

User Rating

0 (0 Votes)