Recipes | ဝက်သား - Pork | အသုပ် - Salad

ခရမ်းချဉ်သီးအစိမ်း နှင့် ၀က်အခေါက်သုပ် (Green Tomato with Pork Skin Salad)

April 26, 2016

ခရမ်းချဉ်သီးအစိမ်း နှင့် ၀က်အခေါက်သုပ် (Green Tomato with Pork Skin Salad)

Share this on:

ဝက်အခေါက်ဆို လူတိုင်း ကြိုက်နှစ်သက်ကျပါတယ်။ သရေကျစရာ အရသာမျိုးလေးရှိကာ စားပြီးမအီပဲ ထမင်းဝိုင်းမှာ မျက်နှာရစေသော အသုပ်ဖြစ်တာကြောင့်.…သုပ်စားကြည့်လိုက်နော်။

ဝက်အခေါက်သုပ်.I. 2016-03-28 at 2.29.19 pm

ဝက်အခေါက်သုပ်.II. 2016-03-28 at 2.29.37 pm

 

ပါဝင်ပစ္စည်းများ

  • ၀က်အခေါက် - ၁ ထုပ် (၂၅၀ ဂရမ်၊ လှီးပြီးပြုတ်ပြီးသား)
  • ခရမ်းချဉ်သီးအစိမ်း - ၅ လုံး (အစေ့ထုပ်ပြီး အရှည်လိုက်လေးတွေလှီးထားပါ)
  • ခရမ်းချဉ်သီး - ၃ လုံး (အစေ့ထုပ်ပြီး အရှည်လိုက်လေးတွေလှီးထားပါ)
  • ဂေါ်ဖီ - ၁ စိတ် (ခြစ်နဲ့ ပါးပါးလေးတွေခြစ်ထားပါ၊ လိုသလောက်သုံးပါ)
  • ငရုတ်ကောင်းနက် - အနည်းငယ်
  • ရှောက်ရွက်နု - ၅ ရွက် ( ပါးပါးရှည်ရှည်လေးတွေလှီးထားပါ)
  • ကြက်သွန်နီ - ၂ ဥ(ခတ်ပါးပါး လေးတွေလှီးထားပါ)
  • သံပုရာသီး - ၃ လုံး (အရည်ညစ်ပြီးလိုသလောက်ထည့်ပါ)
  • ငရုတ်ဆီ - ၂ ဇွန်း ခွဲ( စားပွဲဇွန်း)
  • ပဲမှုန့်အကျက် - ၁ ဇွန်း (စားပွဲဇွန်း)
  • ငံပြာရည် - ၂ ဇွန်း (လက်ဖက်ဇွန်း)
  • ဆား - အနည်းငယ်
  • အိမ်ချက်ဆီကျက် - ၁ ဇွန်း ခွဲ (စားပွဲဇွန်း) (ကြက်သွန်ဖြူ ဆီချက်)
  • ငရုတ်သီးစိမ်း၊နီ - ၆ တောင့်( အစေ့ထုပ်ပြီး ပါးပါး လေးတွေလှီးထားပါ)

ပြုလုပ်နည်း

  1. ဖန်ဇလုံ ထဲပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး ခလောက်တံဖြင့် သကြားများ အရည်ပျော်တဲ့ အထိ ခလောက်ပေးပါ။
  2. ဆားမြည်းပါ ။ လိုတာထပ်ထည့်ပေးပါ ။  အသုပ်ထဲ လိုသလောက် ထည့်သုပ်လို့ ရပါပြီ။
*မှတ်ချက် - အချဉ်ရည်ကို ကိုယ့်စိတ်ကြိုက် ကိုယ့်ကြိုက်နှစ်သက်သော အရသာအတိုင်း အချဉ်အစပ် ထပ်ထည့်ပြုလုပ်နိုင်ပါတယ်။

Credit:  Syi Foodsgarden

Review

User Rating

1 (1 Votes)