ဟင်းသီးဟင်းရွက် - Vegetables | အကြော် - Fried

ခရမ်းသီးတန်ပူရာနှင့်ဒိန်ချဉ်ဆော့စ်

May 25, 2016

ခရမ်းသီးတန်ပူရာနှင့်ဒိန်ချဉ်ဆော့စ်

Share this on:

ပါဝင်ပစ္စည်းများ (အကြော်အတွက်)

  • ခရမ်းသီးရှည် - ၂ လုံး
  • ကြက်ဥ - ၁ လုံး
  • ဂျုံမှုန့် - ၂ ခွက်(လက်ဖက်ရည်ပန်းကန်)
  • ဘီယာ - ၁ ခွက်(လက်ဖက်ရည်ပန်းကန်)
  • ဂျင်း - ပါးပါး (၂)ချပ်
  • ငရုတ်ကောင်းမှုန် - အနည်းငယ်

ပြုလုပ်နည်း

  1. ကြက်ဥ ၊ ဂျုံမှုန့် ၊ ဂျင်းထောင်းရည်နှင့် ဘီယာကို မုန့်နှစ်ရည် ဖြစ်သည်အထိ ခေါက်ပါ ။
  2. ငရုတ်ကောင်းမှုန့်လေး အနည်းငယ် ထည့်မွှေပေးပါ ။  မထူမပါးလှီးထားသော ခရမ်းသီးဝိုင်းလေးတွေကို မုန့်နှစ်ရည်မှာ နှစ်ပြီး   ရွှေရောင်ရအောင် ကြော်ယူဆီစစ်ပါ ။
ပါဝင်ပစ္စည်းများ (ဒိန်ချဉ်ဆော့စ်)

* ဒိန်ချဉ် - ၁ ခွက်(လက်ဖက်ရည်ပန်းကန်)
* သကြား - ၁ ဇွန်း(ထမင်းစားဇွန်း)
* ဆား - လိုအပ်သလို
* ငရုတ်စိမ်းမှုန့်(အစပ်) - အနည်းငယ်
* ပူဒီနံရွက် - ၅ရွက်ခန့်

ပြုလုပ်နည်း

1. ဒိန်ချဉ်ထဲသို့ ဆား ၊ သကြားရည် ၊ ငရုတ်စိမ်းမှုန့်တို့ ထည့်ပြီး နို့ရည်ပုံစံ ရသည်အထိ မွှေပေးပါ ။ ပြီးလျှင် ပူဒီနံရွက်လေးများနှင့် အလှဆင်ပါ ။(မှတ်ချက် ။ ကျွန်တော်သုံးတဲ့အချိန် ပူဒီနံရွက်မရှိလို့ မသုံးထားရပါ)

Credit: ဟင်းချက်နည်းများ

Review

User Rating

2.5 (2 Votes)