ခရမ်းသီးကို နှပ်လည်းမနှပ်ဘူး၊ ချက်လည်းမစားဘူး။ ကိုရီးယားကားတွေထဲကလို ခရမ်းသီးကို အဝိုင်းလေးတွေလှီးပြီး အရသာရှိရှိ ကြော်စားကြမယ်။

ပါဝင်ပစ္စည်းများ

  • ခရမ်းသီးရှည် ၂လုံး
  • ကြက်ဥ ၁လုံး
  • ဂျုံမှုန့် ၂ခွက် (လက်ဖက်ရည်ပန်းကန်)
  • ဘီယာ ၁ခွက် (လက်ဖက်ရည်ပန်းကန်)
  • ဂျင်း ပါးပါး (၂) ချပ်

ပြုလုပ်နည်း

ကြက်ဥ၊ ဂျုံမှုန့်၊ ဂျင်းထောင်းရည် နှင့် ဘီယာကို မုန့်နှစ်ရည်ဖြစ်သည် အထိခေါက်ပါ။

ငရုတ်ကောင်းမှုန့်လေး အနည်းငယ် ထည့်မွှေပေးပါ။

မထူမပါး လှီးထားသော ခရမ်းသီးဝိုင်းလေးတွေကို မုန့်နှစ်ရည်မှာနှစ်ပြီး ရွှေရောင်ရအောင် ကြော်ယူဆီစစ်ပါ။

ဒိန်ချဉ်ဆော့စ်နှင့် တို့စားပါ။

Credit: ဟင်းချက်နည်းများ