ခရမ်းသီးဟာ မြန်မာတွေ နှစ်သက်တဲ့ အသီးတစ်မျိုးဆိုလည်း မမှားပါဘူး ။ ခရမ်းသီးကို သူ့ချည်းသက်သက် နှပ်စားကြသလို ဝက်သား၊ ကြက်သားတို့နဲ့လည်း ရောချက်စားကြပါတယ်.။ သီးစုံကုလားဟင်းတွေထဲမှာ မပါမဖြစ်တဲ့ အသီးဖြစ်ပြီး ခံတွင်းမြိန်စေတဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ် ။ သူ့မှာ အမျိုးအစားတွေ များစွာ ရှိပြီး ဟင်းအဖြစ်စားကြတာကတော့ ခရမ်းရှည်သီးပါ ။

ခရမ်းသီးဟာ စားလို့ မြိန်စေရုံသာမက ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ပေးနိုင်စွမ်းတဲ့ အသီးအနှံတစ်မျိုးပါ ။

  1. ခရမ်းသီးဟာ ဝမ်းမှန်စေနိုင်ပါတယ် ။
  2. လေလည်စေပြီး ဆီးမျန်၊ အခိုးပွင့် စေပြီး အပူအပုပ်ကို နိုင်စေနိုင်ပါတယ် ။
  3. ကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ် ။
  4. နှလုံးရောဂါ ရှိသူတွေ စားသင့်ပါတယ် ။
  5. မှတ်ဉာဏ်ကောင်းစေ ပါတယ် ။
  6. ကူးစက်ရောဂါတွေ မဖြစ်ပွားအောင် တားဆီးနိုင်ပါတယ် ။
  7. ဝမ်းဗိုက်ထဲမှာ ဖြစ်တဲ့ အနာတွေကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ် ။
  8. သွေးသားကို သန့်ရှင်း စင်ကြယ်စေပြီး ကင်ဆာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ် ။
  9. အာရုံကြောတွေကကို နူးဆွပေးနိုင်တဲ့ အသီးလည်းဖြစ်ပါတယ်။

ခရမ်းသီး မစားသင့်သူများမှာ လေးဖက်နာ သမားတွေနဲ့ ဂေါက်ရောဂါ ရှိသူတွေတော့ မစားသင့်ပါဘူး ။ ချောင်းဆိုးနေသူဆိုရင်လည်း ရှောင်သင့်ပါတယ်။

Photo: colourfulrecipes