ပါဝင်ပစ္စည်းများ

  • ခရမ်းသီးအရှည်(အစိမ်းရောင်) – ၂ လုံး
  • ငါးခူအလတ်အရွယ် – ၁ ကောင်
  • ငရုတ်သီးပွတောင့်ရှည် – ၁၀ တောင့်
  • ကြက်သွန်ဖြူ – ၁၀ တက်
  • ဆား
  • ကြက်သားမှုန့်

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးခူကို သန့်စင်ပြီး ဝါးတံစို့လေးထိုးပြီး မီးအေးအေးမှာ ကင်ပြီး အအေးခံပါ ။ အေးသွားရင် အသားနွှင်ထားပါ ။
  2. ခရမ်းသီးအရှည်ကိုလည်း မီးအေးအေးမှာ ကျက်အောင်ကင်ပြီး အခွံခွာထားပါ ။
  3. ငရုတ်ပွတောင့်အရှည်နှင့် ကြက်သွန်ဖြူကိုလည်း ဝါးတုတ်တံလေးမှာထိုးပြီး မွှေးနေအောင် ကင်ပါ ။
  4. ဆုံတစ်ခုထဲမှာ ကင်ထားတဲ့ ကြက်သွန်ဖြူနှင့် ငရုတ်ပွတောင့်ရှည်ကို ညှက်အောင်ထောင်းပြီး အသားနွှင်ထားတဲ့ ငါးခူကို ထည့်ပြီး ဖိချေပေးပါ ။
  5. သမသွားပြီးဆိုရင် အခွံခွာထားတဲ့ ခရမ်းသီးမီးဖုတ်တွေကို ထည့်ချေပါ ။ ဆား ၊ ကြက်သားမှုန့် အနည်းငယ်ဖြင့် အရသာ ဖြည့်စွက်ပေးပါ ။

ဘဲဥပြုတ် ၊ မိမိနှစ်သက်ရာအရွက်များဖြင့် တွဲဖက်စားသုံးနိူင်ပါသည် ။

Photo Credit: Thai Foods Magazine