Recipes | ပုဇွန် - Prawn | ဟင်း - Curry | အသီး - Fruits

ခရမ်းသီး ပုဇွန်ဆီပြန်

December 11, 2015

ခရမ်းသီး ပုဇွန်ဆီပြန်

Share this on:

ပါဝင်ပစ္စည်းများ

  • ခရမ်းသီး ၅လုံး
  • ပုဇွန်အရွယ်တော် ၃၀သား
  • ပုဇွန်ခြောက်မှုန့် ၅ဇွန်း (ထမင်းစားဇွန်း)
  • ကြက်သွန်နီ ၃လုံး
  • ကြက်သွန်ဖြူ ၁မွှာ
  • ဂျင်း ၁တက်
  • ဆား အနည်းငယ်
  • ငါးပိ ၁ဇွန်းခန့် (ထမင်းစားဇွန်း)
  • ငံပြာရည် ၁ဇွန်းခန့် (ထမင်းစားဇွန်း)
  • ဆနွင်းမှုန့် အနည်းငယ်
  • ငရုတ်သီးအရောင်တင်မှုန့် ၁ဇွန်းခန့် (လဖက်ရည်ဇွန်း)
  • ဆီ ၅ကျပ်သား

ပြုလုပ်ပုံ

  1. ခရမ်းသီး တစ်လုံးကို သုံးပိုင်းပိုင်းပြီး တစ်ပိုင်းကို တစ်ဝက် ကျော်ကျော် လေးစိပ် စိပ်ပါ ။
  2. ကြန်သွန်နီ ၊ ကြန်သွန်ဖြူ၊ ဂျင်း၊ ပုဇွန်ခြောက် အားလုံးကို ရောထောင်းပါ ။
  3. ဆား၊ ငံပြာရည်၊ ငါးပိ ၊ ဆနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်၊ ဆီတို့ဖြင့် ထောင်းထားသည့် အရာများ ရောနယ်ပါ။
  4. လေးစိပ် စိပ်ထားသော ခရမ်းသီးထဲ အစာများထည့်ပါ ။
  5. အိုးထဲတွင် သန့်စင်ထားသော ပုဇွန်များ၊ အစာသွပ်ထားသော ခရမ်းသီးများ စီထည့်ရ်ျ ရေကိုမြှပ်အောင် ထည့်ပြီး မီးအေးအေးဖြင့် မမွှေဘဲ (အိုးကို မကြာခဏ ညင်သာစွာ လှုပ်ပေးပါ) ဆီပြန်လာလျှင် စားလို့ရပါပြီ။
Credit: Pan Pan

Review

User Rating

0 (0 Votes)