ထမင်းပူပူနွေးနွေးလေးနဲ့ စားလို့ မြိန်စေမယ့် ခရမ်းသီးမီးဖုတ်သုပ်။

ပါဝင်ပစ္စည်းများ

ခရမ်းသီးအလုံးကြီးကြီး – ၂ လုံး

ကြက်သွန်နီ – ၃ ဥ

ဆီ စားပွဲဇွန်း ၃ ဇွန်း

ဆား – သင့်တော်ရုံ

အချိုမှုန့် – အနည်းငယ်

နံနံပင် – ၂ပင်

နှမ်းလှော် – သင့်တော်ရုံ

မြေပဲလှော် – သင့်တော်ရုံ

ပြင်ဆင်ပြုလုပ်နည်း

ခရမ်းသီးကို မီးအေးအေးနဲ့ ပျော့သွားအောင် ဖုတ်ပြီး အခွံခွာ ကပ်ကြေးနဲ့ ခပ်သေးသေး အတုံးလေးတွေ ဖြစ်အောင်ညှပ်ထားပါ။

ပြီးလျှင် ကြက်သွန်နီကို ပါးပါးလှီးထားပါ။

သုပ်စားလိုသောအချိန်တွင် ခရမ်းသီး၊ ကြက်သွန်နီ ၊ နှမ်းလှော် ၊ မြေပဲလှော် မညက်တညက်ထောင်း၊ ဆား၊ အချိုမှုန့် နှင့် ဆီစိမ်းတို့ထည့်၍ ရောနယ်ပြီး စားသုံးနိုင်ပါသည်။
(ကျမကတော့ နံနံပင် မထည့်ထားပါ။ ကြိုက်နှစ်သက်က ထည့်စားနိုင်ပါသည် ၊)

My Food Myanmar