ခဝဲသီး ပုဇွန် ရေချိုချက်

Share this on:

13817114_10154630556948132_1214419775_n

ပါဝင်ပစ္စည်းများ

  • ခဝဲသီး (အခွံ ဇောင်းလေးများ ခြစ်ထားပါ)
  • ပုဇွန် အနည်းငယ်
  • ဆား အနည်းငယ်
  • နနွင်း အနည်းငယ်
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ခရမ်းချဉ်သီး
  • ငံပြာရည် - အနည်းငယ်
  • နံနံပင် အနည်းငယ်
  • နံနံပင် အမြစ်

ပြုလုပ်နည်း

  1. ပုဇွန်ကို ဆား ၊ နနွင်း နယ်ထားပါ ။
  2. အိုးထဲတွင် ပုဇွန် ၊ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ခရမ်းချဉ်သီး ၊ နံနံပင် အမြစ် ၊ ဆီ တို့ကို သေသေချချာ လုံးရ်ျ တည်ပါ ။
  3. လုံးထားတာများ အိလာပြီ ဆိုမှ ရေနွေး ထည့်ပါ ။
  4. ရေ ဆူလာလျင် ငံပြာရည် အနည်းငယ် ထည့်ပြီး ၊ ခဝဲသီးကို နှစ်သက်သလို လှီးထည့်ပါ ။
  5. ခဝဲသီးကို မနူးခင် မီးဖိုမီးကို ပိတ်လိုက်ပါ ။ သူ့အငွေ့ နှင့်သူ ကျက်သွားပါမည် ။
  6. အရသာ အပေါ့အငံမြည်းရ်ျ နံနံပင် အုပ်ပြီး ပူပူလေး စားလို့ ရပါပြီ ။
  7. ခဝဲသီး ချိုချို ၊ လတ်ဆပ်တဲ့ ပုဇွန် ချိုချိုလေး ဆိုတော့ အချိုမှုန့် မလိုပဲ ချက်ရ်ျ လွယ်ကူပြီး အရသာ ရှိတဲ့ ဟင်းလေး တစ်ခွက်ပါ ။
My Food Myanmar

Review

User Rating

3.4 (5 Votes)