ပါဝင်ပစ္စည်းများ

  • ကြက်ရိုး
  • ခဝဲသီး
  • ဟင်းရွက်စုံ
  • ပုဇွန် ငပိ (အရည် ဖျော်ထားပါ )
  • ခရမ်းချဉ်သီး ၃ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း ၅ တောင့် (တပြား ရိုက်ထားပါ)
  • ပင်စိမ်းရွက် အနည်းငယ်
  • ဆီ အနည်းငယ်
  • ဆား အနည်းငယ်
  • အချိုမှုန့် အနည်းငယ်
  • မကျည်းနှစ် အနည်းငယ်

ပြုလုပ်နည်း

  1. အိုးထဲတွင် ကြက်ရိုး ၊ ပုဇွန် ငပိ ၊ ခရမ်းချဉ်သီး ၊ ကြက်သွန်နီ ၊ ငရုတ်သီးစိမ်း ၊ ဆား ၊ အချိုမှုန့် ၊ ဆီနဲနဲ ကို ထည့်ရျ် လုံးတည်ပါ ။
  2. ပြီးလျင် ရေ ထည့်ရျ် မီးအေးအေး ဖြင့် ဆူပွက်သည် အထိ တည်ပါ ။
  3. ရေဆူလာလျင် ခဝဲသီး နှင့် ဟင်းရွက်စုံကို ခပ်ပါ ။
  4. ပြီးလျင် မကျည်းနှစ် အနည်းငယ် ထည့်ရျ် ဟင်းရွက်နူးလျင် မီးဖိုပေါ်မှ ချရျ် ရပါပြီ ။
  5. အရသာ အပေါ့အငံမြည်းရျ် ပင်စိမ်းရွက် ခပ်ပြီး သုံးဆောင်နိုင်ပါပြီ ။

MyFood Myanmar