မြန်မာတွေဟာ အချို့ ဟင်းသီးဟင်းရွက်တွေကို အစိမ်းလိုက် တို့စရာအဖြစ် စားကြသလို အစိမ်း သုပ်စားလေ့ ရှိပါတယ်။ အာဟာရ ပညာရှင်တွေကတော့ အစိမ်းစားတာထက် အပူပေးပြီး ချက်ပြုတ်စားတာဟာ အာဟာရပိုဖြစ်စေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အချို့အသီးအနှံတွေဟာ အစိမ်းစားတာနဲ့ ချက်စားတာ အာဟာရအတူတူပါပဲ။ Agricultural and Food Chemistry ဂျာနယ်ရဲ့ ဆောင်းပါး တစ်ပုဒ်အရ ရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်ပေါင်းစုဟာ အသီးအနှံတွေကို ချက်ပြုတ်တဲ့ အခါမှာ ပိုပြီး စွမ်းအင်ထက်စေပါတယ်တဲ့။

ကဲ အစိမ်းစာတာထက် ချက်ပြုတ်စားတာက ပိုကောင်းမယ့် အသီးအနှံ အချို့ကတော့

tomatoes_2

၁။ ခရမ်းချဉ်သီး

ခရမ်းချဉ်သီးဟာ တကယ်တော့ အသီးမျိုးနွယ်ဝင်ပါ။ ဘယ်လိုဖြစ်စေ အာဟာရပညာရှင်တွေကတော့ ချက်ပြုတ်ပြီး စားသောက်လို့ ရတဲ့ ဟင်းသီးဟင်းရွက်ထဲမှာ ထည့်ထားပါတယ်။ ခရမ်းချဉ်သီးဟာ ဗီတာမင် စီနဲ့ လိုင်ကိုပိန်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ ခရမ်းချဉ်သီးကို ဆူအောင် ချက်ပြုတ်ခြင်းဟာ ဗီတာမင်ဓာတ်တွေကို ပိုအာဟာရဖြစ်စေပြီး အာဟာရဓာတ်တွေ ပိုမို ရရှိစေတယ်လို့ ဆိုပါတယ်။

၂။ ပန်းစိမ်း

အစိမ်းရောင် ဟင်းသီး ဟင်းရွက်တွေဟာ Antioxidant ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ကင်ဆာကို ဖြစ်စေတဲ့ ပိုးတွေကို တိုက်ခိုက်နိုင်စွမ်း ရှိပါတယ်။ ဒီထဲကမှ ပန်းစိမ်းဟာ စူပါပါပဲ။ တစ်ကြိမ် အပူပေးလိုက်တဲ့အခါ ပရိုတိန်းဓာတ်ပေါင်းစု ဖြစ်တဲ့ Carotenoids တွေဟာ ထွက်လာပါတယ်။ ဒါကြောင့် ပန်းစိမ်းကိုလည်း ချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။

carrot

၃။ မုန်လာဥနီ

တခါတရံမှာ အသီးအရွက် အစိမ်းတွေဟာ သိပ်စားလို့ မြိန်စေမယ့် အသုပ်တွေကို ရစေပါတယ်။ မုန်လာဥနီဟာ Beta-Carotene, အမျှင်ဓာတ်၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေ များပြားစွာ ပါဝင်ပါတယ်။ ဗီတာမင်အေနဲ့ ဘီတာ ကရိုတိန်းတွေရဲ့ အမြင့်ဆုံး Antioxidant တွေဟာ ကျန်းမာရေး အတွက် အထူးကောင်းမွန်စေပါတယ်။ ချက်ပြုတ်ထားတဲ့ မုန်လာဥနီတွေကနေ ဒါတွေကို ရနိုင်ပါတယ်။