ကိုယ့်ရဲ့ ဟင်းလျာတစ်ခွက်ကို အရသာရှိအောင် ချက်ပြုတ်မယ်ဆိုရင်တော့ ထည့်ပြီး အသုံးပြုမယ့် ပါဝင်ပစ္စည်းတွေကို အတိအကျ ချင်တွယ်ပြီး ထည့်ရင် ပိုပြီး ကောင်းမွန်စေပါတယ်။အထူးသဖြင့် ပျားရည်၊ သကာရည်၊ သကြားရည်နဲ့ သတ္တုရည်တို့ဆိုရင် အတိအကျ ထည့်ရမယ့် အရာတွေ ဖြစ်တာကြောင့် ချင်တွယ်ခွက်တွေနဲ့ ချင်တွယ်ဇွန်းတွေက အသုံးဝင်စေပါတယ်။

ဂျုံမှုန့်တွေနဲ့ မုန့်ဖုတ်ဆော်ဒါတွေကိုလည်း အလားတူပဲ အတိအကျနဲ့ ထည့်ရင် ပိုပြီး အဆင်ပြေစေပါတယ်။ မုန့်အသစ်တစ်မျိုးကို စမ်းသပ်ပြုလုပ်မယ်ပဲဖြစ်ဖြစ် ဟင်းတစ်မျိုးကို အသစ် စမ်းချက်တာပဲဖြစ်ဖြစ် ထည့်ရမယ့် အစာတွေကို ဟင်းချက်နည်းတွေ မုန့်ဖုတ်နည်းတွေထဲက အတိုင်း အတိအကျနဲ့ ချင်တွယ်ပြီး ထည့်ဖို့ လိုပါတယ်။

အောင်မြင်တဲ့ အချက်အပြုတ်သမားကောင်း အတွက်ဆိုရင်တော့ မီးဖိုချောင်ထဲမှာ ချင်တွယ်ခွက်တွေနဲ့ ချင်တွယ်ဇွန်းတွေကို သေချာပေါက် ရှိထားဖို့ လိုပါတယ်။ ဒါတွေကို ဘယ်လို အသုံးပြုကြမယ်ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

၁။ ပထမဆုံး သိထားရမှာက ကိုယ် ချင်တွယ်မှာက အရည်တွေလား၊ အခြောက်အမှုန့်တွေလား ဆိုတာပါပဲ။ သူတို့ကို ချင်တဲ့အခါ ကွဲပြားတာကြောင့်ပါ။ တိကျတဲ့ အတိုင်းအတာ ရဖို့က ချင်တွယ်ခွက်တွေ မှန်ကန်ဖို့ လိုပါတယ်။

cup

၂။ အပေါ်ပုံမှာပြထားတဲ့ ခွက်ကတော့ အရည်တွေနဲ့ ဆီတွေ နို့တွေ ချင်တွယ်တဲ့ ခွက်ပါ။ ခွက်မှာ အချိုးအစားတွေ ပါ ပါတယ်။ ခွက်ရဲ့ ပြထားတဲ့ အချိုးအစား လိုင်းအတိုင်း ဖြည့်ရပါတယ်။

cup2

၃။ ဒီလို ခွက်လေးကတော့ အမှုန့်တွေ ချင်တဲ့ ခွက်ပုံစံလေးပါ။ သကြား၊ ဆားနဲ့ မုန့်ဖုတ်ဆော်ဒါတွေ ချင်တွယ်ပါတယ်။ သူက အချိုးအစားအတိုင်း ခွက်လေးတွေ ရှိပါတယ်။ ခွက်နဲ့ ခပ်လိုက်တဲ့ ပမာဏကို ဓါး ဒါမှမဟုတ် ပြန်ညှိဖို့ အရာတစ်ခုခုနဲ့ ပြန်ပြီး တိကျအောင် လုပ်ပေးပါ။

spoon1

၄။ ဒါကတော့ အရည်တွေ ချင်တွယ်တဲ့ ဇွန်းခွက်လေးပါ။ အချိုးအစားအတိုင်း ပုံစံမျိုးစုံ ရှိပါတယ်။

spoon2

၅။ ချင်တွယ်ဇွန်းတွေကို အမှုန့်တွေ ချင်တွယ်တဲ့နေရာမှာ သုံးသလို တချို့ဘူးတွေရဲ့ အစွန်းတွေကိုလည်း ကန့်လန့်ပြီး ယူလို့ရအောင် လုပ်ထားပါတယ်။ အထူးသဖြင့် မုန့်ဖုတ်ပေါင်ဒါဘူးတွေမှာ အစွန်းကနေ ယူလို့ရအောင် လုပ်ထားပါတယ်။

spoon3

၆။ ပါဝင်ပစ္စည်းတွေကို ညွှန်းတဲ့အခါ စားပွဲတင်ဇွန်း နဲ့ လက်ဖက်ရည်ဇွန်းဆိုပြီး ရေးကြ ပြောကြပါတယ်။ ဒါတွေက လက်ဖက်ရည်ဇွန်းအရွယ် ဆိုဒ်တွေအတွက် ညွှန်းထားတာပါ။

Credit: wikihow