ဆာဗူးသီးဆိုတဲ့ နာမည်ဆန်းဆန်းလေးဟာ ချင်းရိုးရာ ကိုယ်ပိုင် အစားအစာ တစ်ခု ဖြစ်ပါတယ်။ ချင်းလူမျိုးတို့ရဲ့ အဓိက အစားအစာ မဟုတ်ပေမယ့် အစာပြေအနေနဲ့ စားသုံးတဲ့ အစားအစာ တစ်ခု ဖြစ်ပါတယ်။  ဆာဗူးသီးဆိုတာ ချင်းဝေါဟာရ တစ်ခုဖြစ်ပြီး ချင်းပြည်နယ်၊ ဟားခါး စကားတစ်ခု ဖြစ်ပါတယ်။ ဆာသည် အသားဖြစ်ညပီး ဗူးသီးမှာ ပြောင်းဖူးပြုတ်ရည်လို့ အဓိပ္ပါယ် ရပါတယ်။ မြန်မာလိုဆိုရင်တော့ အသားပြောင်းဖူး
ပြုတ်ရည်ပေါ့။

ဆာဗူးသီးကို ဘယ်အချိန်က စပြီး စားသုံးလဲဆိုတာတော့ မှတ်တမ်းတွေ မတွေ့ရှိရပါဘူး။ ဒါပေမယ့် ရှေးနှစ်ပေါင်းများစွာ ကတည်းက ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး ချင်းစော်ဘွားများ လက်ထက်မှ စပြီး စော်ဘွားများမှအစ သာမန်ပြည်သူတွေ အထိ နှစ်သက်စွာ စားသုံးကြတဲ့ အစားအစာ တစ်ခု ဖြစ်တယ်လို့တော့ လူကြီးသူမတွေ ပြောကြပါတယ်။ ချင်းပြည်နယ်ရဲ့ အနေအထားအရ ဆန်စပါးထက် ပြောင်းဖူးကို ပိုမို စိုက်ပျိုးကြပြီး ပြောင်းဖူးနဲ့ ဆက်စပ်တဲ့ ဟင်းလျာ အစားအစာတွေကို တီထွင် စားသောက်ကြခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။

sarbuutee
ချင်းပြည်နယ်တောင်ပိုင်းဒေသများဖြစ်သော မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝဒေသများ တွင် ဆာဗူးသီးကို မင်းတပ်နှင့် ကန်ပက်လက် ချင်း စကားဖြင့် အေတွီ (Ai Thwi) ဟုခေါ်ပါတယ်။ ဆာဗူးသီးစားသုံးသောဓလေ့မှာ တစ်နေရာ နှင့် တစ်နေရာ ပုံစံနှင့် အခေါ်အဝေါ်မတူကြပေ။ ချင်း ပြည်နယ်၊ တီးတိန်ဒေသတွင် ဆာဗူးသီးကို တီးတိန် စကားဖြင့် ဘိုင်မင်ကျင်း (Vai Min Ciin) ဟုခေါ်ပါတယ်။ ထူးခြားသည်မှာ မတူပီမြို့နယ်တွင် နေထိုင်ကြသော မရာ (Mara) ချင်းလူမျိုးတို့သည် ရှေးရိုးအစဉ်အလာအရ တောင်ယာစပါး(ဆန်)ကိုသာ အဓိကစားသုံးလေ့ရှိပြီး ဆာဗူးသီးအစားအစာ(ပြောင်း)စားလေ့မရှိပါဘူး။ (Ref: ချင်းတောင်တန်း) ဆာဗူးသီးကို ချက်ပြုတ်ရာမှာ ပါဝင်တဲ့ အရာတွေကတော့ သစ်သားဆုံနဲ့ ထောင်းထားတဲ့ အခွံချွတ်ထားတဲ့ ပြောင်းဖူးကြမ်း အဆံ၊ အသားနဲ့ ရေပဲ ဖြစ်ပါတယ်။ အသားနဲ့ ပြောင်းဖူးက အချိုဓာတ်ကို အဓိက ယူပြီး ချိုဆိမ့်ဆိမ့် အရသာနဲ့ ဆာဗူးသီးကို ငရုတ်သီးကြော်နဲ့လည်း တွဲစားကြပါတယ်။ ဆာဗူးသီး တစ်ခွက် စားပြီးပါက တောင်ယာလုပ်ငန်းကို တစ်နေကုန် မမောမပန်းဘဲ အလုပ်လုပ်နိုင်အောင် အားရှိစေတယ်လို့ ချင်းရှေးလူကြီးတွေရဲ့ ဆိုရိုးရှိပါတယ်။ အသားကတော့ နွားနောက်သားကို အများဆုံး အသုံးပြုကြပါတယ်။ ဆာဗူးသီးနှင့်တွဲစားရန် ချင်းတောင်ပေါ်တွင်သာ ပေါက်သော ခရမ်းကစော့သီး ချင်းစကားဖြင့် ဆဲင်တော့ခ် (Sen Tok)ကို ပြုတ်ပြီး စမြိတ်၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်သီး၊ ဆားတို့ဖြင့် ရောထောင်းထားသော ငရုတ် ထောင်းဖြင့် တွဲစားသုံးလာကြသည်။ ထို့အပြင် ပဲဖြင့် ပြုလုပ်ထားသော အကြော်များဖြင့်လည်း တွဲစားလာ ကြသည်။
ဟင်းခတ်မှုန့်နဲ့ ဆားကိုလည်း လိုသလို ထည့်ပြီး စားကြပါတယ်။

Ref: mywiki, chintaungtan

Photo Credit: Irrawaddy blog , ချင်းတောင်တန်းဆီ facebook